![]()
၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန် U-17 အမျိုးသား ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက်
၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကိုယနေ့ညနေ(၄)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေး စခန်းသုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘောလုံးအားကစားဝါသနာရှင်များတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန် U-17 အမျိုးသား ဘောလုံးအသင်း တို့ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်း ၄၅ မိနစ်တွင် နှစ်သင်းစလုံး ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာပထမပိုင်း ပွဲပြီးချိန်တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းက အာဖဂန်နစ္စတန် U-17 အမျိုးသားဘောလုံးအသင်းကို (၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းအား ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းကဦးဆောင်ဂိုး(၂)ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး အာဖဂန်နစ္စတန် U-17 အမျိုးသား ဘောလုံးအသင်းက ချေပဂိုး(၁)ဂိုးပြန်လည် သွင်းယူ နိုင်ခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းက အာဖဂန်နစ္စတန် U-17 အမျိုးသား ဘောလုံးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းနှင့် နီပေါ U-17 အမျိုးသားဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရသည်။


