Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁၀) ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ဘိလိယက်နှင့် စနူကာအားကစား လေ့ကျင့်ရေးခန်းမ၌ ယနေ့ နံနက်(၀၉း၀၀)နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ၊ […]
Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကျင်းပ
![]()
Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၉) တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရဘိလိယက်အားကစားသမားများအား အရှေ့တောင်အာရှ ၊ အာရှနှင့်ကမ္ဘာ့ပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ကြေး ဆုတံဆိပ်များရရှိထားသည့် ဘိလိယက်မြန်မာ့လက်ရွေးစင်များနှင့် ယှဉ်ပြိုင်ရသည့် အတွေ့အကြုံများရရှိစေရေး ၊ ဘိလိယက် အားကစားနည်းအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ ပိုမိုစိတ်ပါဝင်စား လာစေရေးတို့ကိုရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက် နှင့် စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့အား ယှဉ်ပြိုင်စေသည့် Professional and […]
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၉ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပ ခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘောလုံးအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ […]
Uganda International Series 2025ကြက်တောင် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ
![]()
Uganda International Series 2025ကြက်တောင် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ ရန်ကုန် ၊ အောက်တိုဘာ ၈ရက် အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှလက်ရွေးစင် အားကစားသမား မောင်ဟိဏ်းထွဋ်သည် အောက်တိုဘာလ၂ရက်နေ့ မှ ၅ရက် နေ့ အထိယုဂန္ဓာနိုင်ငံ တွင်ကျင်းပခဲ့ သော Uganda International Series 2025 ကြက်တောင် ပြိုင်ပွဲတွင် မောင်ဟိဏ်းထွဋ် က ပထမ (ရွှေ)တံဆိပ်ဆု ရရှိခဲ့ ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ မှ မောင်ဟိဏ်းထွဋ်က ယူအေအီနိုင်ငံမှကစားသမား ၊ အိန္ဒိယနိုင်ငံမှ ကစားသမားသုံးဦးတို့ကို အနိုင်ရရှိကာ ဗိုလ်လုပွဲတွင်မလေးရှားနိုင်ငံမှ ကစားသမားကို၂၁မှတ် ၁၄မှတ်၊၂၁မှတ် ၉မှတ် ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး စုစုပေါင်း ၅ပွဲယှဥ်ပြိုင်ခဲ့ရာ ပထမ […]
(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
![]()
(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ရန်ကုန် ၊ အောက်တိုဘာလ ၇ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃) နိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ ၊ နည်းပြ(၃)ဦးနှင့် အားကစားသမား(၁၇)ဦး ၊ စုစုပေါင်းအင်အား(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) […]
၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ
![]()
၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ နေပြည်တော်၊ အောက်တိုဘာ ၆ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE)အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ (၃)ဦးနှင့် အားကစားသမား (၁၇)ဦး၊ စုစုပေါင်းအင်အား (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်ရလဒ်များအဖြစ်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ (ISPE) အသင်းသည် တရုတ်(ဟူလန်း)အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ (၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ စီမံကိန်းနှင့် သုတေသန ဌာနခွဲ မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက် နှင့်စနူကာ အဖွဲ့ချုပ်မှ အမှုဆောင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ များနှင့် နည်းပြများ တက်ရောက်ကြသည်။ […]
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား
![]()
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား ရန်ကုန် ၊ စက်တင်ဘာလ ၂၆ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ ISPE FC အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံမှာကြားရာတွင် အောင်မြင်မှုအခြေခံ စိတ်ဓာတ် ၊ စည်းကမ်း ၊ စွမ်းအား ၊ စည်းလုံးမှု ၊ စံချိန် ၊ စံညွှန်း ၊ စံနှုန်း “ စ” ခုနှစ်လုံးဆောင်ရန် ကိုလည်းကောင်း ၊ မိမိတို့အသင်းသည် တစ်ဦး […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ စက်တင်ဘာလ (၁၇)ရက် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေ (၁၅ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစား သမားများတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲယှဉ်ပြိုင်ကစား နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုများပေးအပ်ချီးမြှင့်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်+ ပြည့်ရတီဦး(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ ၁၆ ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦး နှင့်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးတောက်ထွန်း၊ ဒေါက်တာမြတ်သူရစိုး၊ ဦးကျော်ဌေး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်အမှုဆောင်များတက်ရောက်ကြပါသည်။ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းနှင့် ဗိုလ်လုပြိုင်ပွဲများအား ယှဉ်ပြိုင်ပြီးနောက် ဆုပေးပွဲအခမ်းအနားကို […]