အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း(၄)၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို (၂၁)မှတ်၊(၁၄)မှတ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို (၄၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃၁)မှတ်၊ (၁၇)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၂၈)မှတ်၊ (၂၂)မှတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၀)မှတ်၊ (၃)မှတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၁၀)မှတ်၊ (၄)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

၃၁-၁၂-၂၀၂၅ ရက်နေ့တွင် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲအား နံနက်(၇)နာရီ မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို နံနက်(၈)နာရီအချိန်မှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

ထုပ်ဆီးတိုးပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနအသင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စီးပွား‌ရေး နှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး လွန်ဆွဲ (အမျိုးသား)ပွဲစဉ်များအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ တရားလွတ်တော်ချုပ်ရုံး အသင်းနှင့် စီးပွား‌ရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသမီး)ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ တရားလွှတ်တော်ချုပ်ရုံးအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် စီးပွား‌ရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီး ဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်သွားကြမည်ဖြစ်သည့်အတွက် အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။