၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၁၆)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃) တွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက်ဘောလုံး (အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ မတ်(၁၄)။ မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်ကွင်းအမှတ်(၃)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၁)ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ […]
စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးပွဲထိုင်မိတ်ကပ်နှင့် ဆံထုံးသင်တန်းဖွင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးပွဲထိုင်မိတ်ကပ်နှင့် ဆံထုံးသင်တန်းဖွင့်ပွဲကျင်းပ စစ်ကိုင်း၊ မတ်လ(၁၁)ရက်။ ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးပွဲထိုင်မိတ်ကပ်နှင့် ဆံထုံးသင်တန်းကို ယနေ့(၁၁.၃.၂၀၂၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အားကစားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနဲ့ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို (၁၁.၃.၂၀၂၄)ရက်နေ့မှ (၂၂.၃. ၂၀၂၄) ရက်နေ့ထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်များမှသင်တန်း သား/သူများ စုစုပေါင်း ၆၄ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ/မ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၇)သိန်း၊ သင်တန်းသားများအတွက် စားစရိတ်ထောက်ပံ့ငွေ (၂၆)သိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်းကောင်း၊ အမျိုးသားသင်တန်းသားများအတွက် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁၁)။ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် Form(B) (အမျိုးသား) (၁၂)နှစ်အထက် နန်းချွမ်ပြိုင်ပွဲ၊ Form(B) (အမျိုးသမီး) (၁၂)အောက် ကျန်းစုပြိုင်ပွဲ၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၄၈)ကီလို ပြိုင်ပွဲ၊ အမျိုးသား (၆၀)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၄၅)ကီလိုပြိုင်ပွဲများအား အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၁၀)။ မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ (၈.၃.၂၀၂၄)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် ကျန့်စုပြိုင်ပွဲ၊ သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲနှင့် (အမျိုးသား) ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Form(C) (၁၂)နှစ်အောက် သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲ၊ ထိုက်ကျိကျန့်ပြိုင်ပွဲ၊ (အမျိုးသား) ကျန့်စုပြိုင်ပွဲနှင့် (အမျိုးသမီး) Form (C) (၁၂)နှစ်အထက် ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များ ဖြစ်သည့် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ မတ်(၇)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲများဖြစ်သည့် (အမျိူးသား/အမျိုးသမီး) Form(B) (၁၂)နှစ်အထက် ချန်းချွမ် ပြိုင်ပွဲ၊ ထိုက်ကျိချွမ် ပြိုင်ပွဲနှင့် (အမျိုးသမီး)နန်းချွမ် ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ (အမျိူးသား/အမျိုးသမီး) Form(C) (၁၂)နှစ်အောက် ချန်းချွမ် ပြိုင်ပွဲ၊ ထိုက်ကျိချွမ် ပြိုင်ပွဲနှင့် (အမျိုးသမီး)နန်းချွမ် ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များ ဖြစ်သည့် (အမျိုးသား/အမျိုးသမီး) (၄၅) ကီလို၊ (၄၈) ကီလို၊ (၅၂) ကီလို၊ (၅၆) ကီလို၊ (၆၀) ကီလိုပြိုင်ပွဲ ပွဲစဉ်များနှင့် […]
ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ
ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ ပြည်၊ မတ်လ(၅)ရက်။ ပြည်တက္ကသိုလ် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ယင်းတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်အားကစားမှူး၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အခြေခံဂျူဒိုသင်တန်းသား၊ သင်တန်းသူ အားကစားမောင်မယ်များက အဖွဲ့အလိုက် ဂျူဒိုအားကစားနည်း ကျနည်း(၇)မျိုးသရုပ်ပြခြင်းနှင့် နှစ်ဦးချင်းအပြိုင် ဂျူဒိုစွမ်းရည်များပြသကြပြီး မြန်မာ့ရိုးရာခြင်းလုံးသင်တန်း သား(၆)ဦးက ရိုးရာခြင်းအလှခတ်ဖြင့်သရုပ်ပြသည်။ ထို့နောက် အဆိုပါသင်တန်းနှစ်ခုမှ သင်တန်းသား၊ သင်တန်းသူများအားပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။ ထို့အပြင် […]
၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ မတ်လ(၄)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၅:၃၀) နာရီအချိန်တွင် ပြည်နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ဖိတ်ကြားထားသောပြည်နယ်/ခရိုင်/မြို့နယ်အဆင့် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၈)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 9 Ball Women D ပြိုင်ပွဲ၊ 9 Ball Men Double ပြိုင်ပွဲ၊ Snooker 15 Red ပြိုင်ပွဲတို့အား ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiards Single ပြိုင်ပွဲ၊ Billiards Double ပြိုင်ပွဲ၊ Snooker 6 Red ပြိုင်ပွဲ နှင့် 9 Ball Women S ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၇)ရက်။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Billiards Single ပြိုင်ပွဲ၊ 15 Red Snooker ပြိုင်ပွဲ၊ 9 Ball Double (Men/Women)ပြိုင်ပွဲ၊ 6 Red Snooker ပြိုင်ပွဲ၊ Billiards Double ပြိုင်ပွဲ၊ 9 Ball Single(Women)ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၂၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ၂၀၂၃-၂၀၂၄ […]