အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကျင်းပ

တောင်ကြီးမြို့၊ ဇူလိုင်လ(၂၂)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့ မွန်းလွဲ (၁၃း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ ၊ လူငယ်ကိုယ်စားလှယ်များ ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနဲ့ဆက်စပ်အစီအစဥ်များကို နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း ၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကိုနေပြည်တော်၌ ကျင်းပပြုလုပ်သည့်နည်းတူ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များတွင်လည်း နှစ်စဥ်ကျင်းပပြုလုပ်သွားရန်နှင့် တစ်ဆက်တစ်စပ်တည်း လူငယ်စုံညီပွဲတော်များ ကျင်းပနိုင်ရေးစီစဥ်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄)မှာ ထည့်သွင်းဆုံးဖြတ်ထားရှိပြီး ၂၀၂၄ ခုနှစ် ၊ သြဂုတ်(၁၂)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၅)ရက်နေ့က မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးဆောင်ကျင်းပခဲ့ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်လူငယ်ရေးရာကော်မတီ ၊ ဒုတိယဥက္ကဌများက Online ကတက်ရောက်ခဲ့ကြကာ အစည်းအဝေးမှဆုံးဖြတ်ချက်(၂၅)ချက် ချမှတ်ခဲ့ပါကြောင်း ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ၂၀၂၄ ခုနှစ် ၊ သြဂုတ်(၁၂)ရက်နေ့မှာ ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပခြင်း ၊ ကျင်းပမည့်ရက်မတိုင်မီအကြိုလှုပ်ရှားမှုများအဖြစ် အသက် (၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များပါဝင်ယှဥ်ပြိုင်မည့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ ၊ ဘင်ခရာပြိုင်ပွဲ ၊ အဆင့်မြင့်ပညာအဆင့် ဆောင်းပါးပြိုင်ပွဲ ၊ အခြေခံပညာ / အဆင့်မြင့်ပညာများ အဆင့် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကျင်းပရန်စီမံချက်တင်ပြထားသည်ကို တွေ့ရှိရပြီး ဖွဲ့စည်းထားရှိသည့် ကော်မတီများအလိုက်စနစ်တကျဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း ၊ ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ကျင်းပရန်တင်ပြထားရှိတဲ့လုပ်ငန်းစီမံချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုပေးအပ်ခြင်းများဆောင်ရွက်ရန်တင်ပြထားတာကိုလည်းတွေ့ရှိရတဲ့အတွက် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှထူးချွန်လူငယ်များ မကျန်ရှိစေရေး ၊ အမှန်တကယ်ရသင့်ရထိုက်သူများကို ပေးအပ်ချီးမြှင့်နိုင်ရေးအတွက်ဆုချီးမြှင့်ရေးကော်မတီအနေဖြင့် အချိန်မီစိစစ်ပြီးရွေးချယ်တင်ပြကြဖို့ လိုအပ်ပါကြောင်း ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ International Youth Day ) ဟာ လူငယ်များ၏အခန်းကဏ္ဍနှင့် အရေးပါမှုကို ဖော်ထုတ်ပေးရန်နှင့် လူငယ်များ၏စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှုတို့ကို မှန်ကန်တည့်မတ်စေဖို့အားပေးရန် ရည်ရွယ်သောနေ့တစ်နေ့လည်းဖြစ်ပါကြောင်း ၊ ၂၀၀၀ ပြည့်နှစ် ၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြေငြာခဲ့သောအစီအမံတစ်ခုအနေဖြင့် ကျင်းပရခြင်းလည်းဖြစ်ပါကြောင်း ၊ ဒါကြောင့်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ” လူငယ်များအနေဖြင့် မိမိနိုင်ငံကိုချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် အဓိကအင်အားစုများအဖြစ် ပါဝင်လာနိုင်စေရန် ” ဆိုတဲ့ ရည်ရွယ်ချက်နှင့်အညီ လူငယ်များ၏ ဖန်တီးမှု ၊ ဆန်းသစ်မှု ၊ လုပ်ဆောင်မှု များကိုလည်း အားပေးအသိအမှတ်ပြုကြရမှာဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပြီး ဒုတိယဥက္ကဌ မှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအားရှင်းလင်းချပြသွားခဲ့ကာ အတွင်းရေးမှူးကလည်း လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းသွားကာ တက်ရောက်လာကြသောလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များမှလည်း မိမိတို့ပါဝင်ကြသော အခန်းကဏ္ဍများအလိုက်ဆွေးနွေးသွားခဲ့ကာ အစည်းအဝေးကို မွန်းလွဲ (၁၄း၂၀)နာရီအချိန်ရုတ်သိမ်းသွားကြောင်း သိရှိခဲ့ရပါသည်။