အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၂၄)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ၂၃-၇-၂၀၂၄ ရက်နေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို အင်းစိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ဆရာဝန်ကြီး ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ အင်အား(၁၈၅၆) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဦးဝင်းမြတ်သူမှ အဖွင့်အမှာစကားနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူမှ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဖြိုးမွန်စံမှ လူငယ်နှင့်အားကစားအကြောင်း အသီးသီးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများမှ Fitness Dance အကဖြင့်လည်းကောင်း ၊ လှိုင်သာယာတိုက်ကွမ်ဒိုကလပ်မှ တိုက်ကွမ်ဒိုသရုပ်ပြ ပြသကစားခဲ့ကြပါသည်။ ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထိုက်အောင်မှ ကျောင်းသို့အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား၊ အ.လ.က-(၄) မင်္ဂလာဒုံကျောင်း၌ (၂၄-၇-၂၀၂၄)ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦး‌ထူးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးစိုးသန်း၊ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ဇာဝေ ၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူ‌‌အာင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်မိုး နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိးအောင်တို့မှ လူငယ်ရေးရာအသိပညာပေး အကြောင်းရာများ ဟာပြောခဲ့ကြပါသည်။ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြန်မာ့သိုင်းအဖွဲ့နှင့် Fitness Danceအဖွဲ့တို့မှ သရုပ်ပြသ‌ခဲ့ကြပြီး သရုပ်ပြအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းကျော်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးလင်းတို့မှ ဂုဏ်ပြုဆု‌ငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်အားကစားမှူးမှအ.လ.က-(၄) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်မေစံပယ်ဖြူနုအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းနှင့် မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အ.လ.က(၄) ကျောင်းသို့ တီရှပ်များနှင့် ဦးထုတ်များ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန္တာဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ၊ အဖွဲ့ဝင်(၂) ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အ.လ.က(၄) အခြေခံပညာအလယ်တန်းကျောင်း‌မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၅၀) ခန့် တက်ရောက်ခဲ့ပါ‌ကြောင်းတင်ပြအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အ.လ.က(၁) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ၊ နံနက်(၁ဝ:၀၀)နာရီပုဇွန်တောင်မြို့နယ် အ.လ.က(၁) အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ် ရေးရာအသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ် ဒေါ်သီရိဆွေမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၃၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်ဇာခြည်လွင်မှ ယဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr နန်းလှထွန်းမှ ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှော ရောဂါအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်မြတ်သီရိခိုင် မှ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်း‌ကောင်းအသီးသီး ဟောပြောခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်နှင့်မြို့နယ်အား/ကာ မှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှနှာခေါင်းစည်း Mask များ၊ အမှတ်(၃၂)ယာဉ်ထိန်းတပ်ဖွဲ့မှ လက်ကမ်းစာစောင်များ ဝေမျှခဲ့ပါသည်။ ကျောင်းသား/သူ (၁၁၂)ဦး တက်ရောက်ခဲ့ပါသည်။