အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၄ ။

မျိုးဆက်သစ် အားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့တွင် ကျင်းပခဲ့သည်။

ယနေ့ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ဖြင့်လည်းကောင်း၊ လယ်ဝေးအားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်အသီးသီး ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။