အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အိုလံပစ်ပြိုင်ပွဲသို့ယှဉ်ပြိုင်ရန်မြန်မာနိုင်ငံမသန်စွမ်းအားကစားသမားစိုးပေအားပံ့ပိုးချီးမြင့်

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်

၂၀၂၄ ခုနှစ် ၊ ပါရီအိုလံပစ်ပြိုင်ပွဲသို့ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၉ရက်အထိ သွားရောက်ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်မှ မီတာ ၁၀၀ ၊ မီတာ ၂၀၀ ၊ အားကစားသမားစိုးပေ အား ပြိုင်ပွဲဝင်ဝတ်စုံ ၊ ဖိနပ်နှင့် Asics Sport ဂျာကင်တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အနေဖြင့်ဂုဏ်ယူစွာပံ့ပိုးချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ ၃:၀၀နာရီအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌရုံးခန်းရှိ ၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌဦးရှိန်ဝင်း ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးကျော်ကျော်ဦး နှင့် ဦးသာအောင် ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူဒေါက်တာဌေးအောင် ၊ အတွင်းရေးမှူး ဦးထွန်းနိုင်ဦး နှင့် မသန်စွမ်းအားကစားအဖွဲ့ချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အားကစာနဲ့ကာယပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံ‌ပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ ၊ အားကစားသမား စိုးပေတို့တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ‌ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးရှိန်ဝင်းက ဂုဏ်ယူစွာ ပံ့ပိုးချီးမြှင့်ရခြင်းအကြောင်းအရာများကို‌ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် မှ အားကစားသမားစိုးပေအား အမေရိကန်ဒေါ်လာ ၅၁၀တန်ဖိုးရှိ ပြိုင်ပွဲဝင် ဝတ်စုံ နှင့် ငွေသားကျပ် ၇သိန်း အားပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှအားကစားသမားစိုးပေသည် ၂၀၂၂ ခုနှစ် ၊ အင်ဒိုနီးရှားနိုင်ငံတွင် ရွှေတံဆိပ် ၂ခု ၊ ငွေတံဆိပ် ၁ခု ၊ ၂၀၂၃ ခုနှစ် ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ရွှေတံဆိပ် ၁ခု ၊ ငွေတံဆိပ် ၁ခု နှင့် ကြေးတံဆိပ် ၂ခု ကိုလည်းကောင်း ၊ ၂၀၂၃ ခုနှစ် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ၂ခု ရရှိထားသူ ဖြစ်ကြောင်းသိရှိရသည်။