(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာပြီးဆုံး၍ ပိတ်ပွဲအခမ်းအနားကျင်းပ
![]()
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာပြီးဆုံး၍ ပိတ်ပွဲအခမ်းအနားကျင်းပ ထိုင်း ၊ ဇန်နဝါရီ ၂၆ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ည ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ ပိတ်ပွဲအခမ်းအနားတွင် အိမ်ရှင်ထိုင်းနိုင်ငံ၏ ကွယ်လွန်သွားသော ဘုရင်မကြီးအား အောက်မေ့သတိရသောအားဖြင့် တက်ရောက်လာကြသူများက ခေတ္တငြိမ်သက်ပြီး အခမ်းအနားအား စတင်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် […]
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ထိုင်လျက်ဘော်လီဘော အားကစားနည်းမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆုများ ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိပြီး ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)ခုနှင့် ကြေးတံဆိပ်(၂၀)ခုဖြင့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ နိုင်ငံအလိုက် အဆင့်(၆)နေရာ၌ ရပ်တည်
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ထိုင်လျက်ဘော်လီဘော အားကစားနည်းမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆုများ ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိပြီး ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)ခုနှင့် ကြေးတံဆိပ်(၂၀)ခုဖြင့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ နိုင်ငံအလိုက် အဆင့်(၆)နေရာ၌ ရပ်တည် ထိုင်း၊ ဇန်နဝါရီ ၂၅ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ (မျက်မမြင်) စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင် တင်းနစ်အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယနေ့ ဒေသစံတော်ချိန် […]
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ်(၁၆)ခုနှင့် ကြေးတံဆိပ်(၁၆)ခုဆွတ်ခူးရရှိ
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ်(၁၆)ခုနှင့် ကြေးတံဆိပ်(၁၆)ခုဆွတ်ခူးရရှိ ထိုင်း၊ ဇန်နဝါရီ ၂၄ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)စစ်တုရင်၊ အလေးမ၊ ဘိုးလင်းနှင့် စားပွဲတင် တင်းနစ်အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (S10) […]
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ်(၁၀)ခုနှင့် ကြေးတံဆိပ်(၁၄)ခုဆွတ်ခူးရရှိ
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ်(၁၀)ခုနှင့် ကြေးတံဆိပ်(၁၄)ခုဆွတ်ခူးရရှိ ထိုင်း၊ ဇန်နဝါရီ ၂၃ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက် ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်၊ အလေးမနှင့် ဘိုစီယာ အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို […]
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၆)အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၆)အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ဘားအံ၊ ဇန်နဝါရီ ၂၃ ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၆)အထက်တန်းကျောင်းခွဲတွင် ယနေ့ ၂၃-၁-၂၀၁၆ရက် နေ့လည် ၁၃:၀၀ နာရီ အချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုဥက္ကဌ ဦးသန်းအောင်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ အင်အား ၁၅၀ ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်က လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ဘားအံမြို့ လူငယ်စင်တာတွင် လူငယ်များအသိပညာတိုးပွားစေရေးအတွက် ကွန်ပြူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတသင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး […]
ကရင်ပြည်နယ် ဘားအံမြို့ တရုတ်လှစံပြကျေးရွာအထက်တန်းကျောင်းတွင် ဗလငါးတန်ဖွံဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
![]()
ကရင်ပြည်နယ် ဘားအံမြို့ တရုတ်လှစံပြကျေးရွာအထက်တန်းကျောင်းတွင် ဗလငါးတန်ဖွံဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ကရင်ပြည်နယ် ဘားအံမြို တရုတ်လှစံပြကျေးရွာ အထက်တန်းကျောင်းတွင် ယနေ့ 22-1-20260ရက် နံနက် ၀၉၃၀ နာရီချိန်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် ပါဝင်တက်ရောက်ခဲ့ပါသည်။အခမ်းအနားအား ကရင်ပြည်နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာဆရာမများ၊ကျောင်းသားကျောင်းသူ များနှင့်ကျေးရွာနေ ရပ်မိရပ်ဖများ ၁၅၀ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စာင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စာင့်ရှောက်သည့် ဥပဒေ၊နည်းဥပဒေများ ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေးစောင်ရွက်နေမှုအခြေအနေများ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုကို ကာကွယ်တားဆီးရေး အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် မှ လူငယ်ရေးရာဦးးစီးဌာနဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊မူဝါဒများနှင့် ကဏ္ဍအလိုက် ဆက်လက်ဆောက်ရွက်မည့် လုပ်ငန်းစဉ်များ၊ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြေခြင်း၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များ၊လူမှုဝန်ထမ်းဦးစီဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးခြင်းများ […]
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အားကစားနည်းများတွင် ယနေ့အထိ ရွှေတံဆိပ်(၇)၊ ငွေတံဆိပ်(၆)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိ
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အားကစားနည်းများတွင် ယနေ့အထိ ရွှေတံဆိပ်(၇)၊ ငွေတံဆိပ်(၆)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိ ထိုင်း၊ ဇန်နဝါရီ ၂၂ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းအနေဖြင့် မျက်မမြင်စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ (၇)ယောက်တစ်ဖက် ဘောလုံး၊ ဘိုစီယာနှင့် ဘိုးလင်း ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (S3)S4 အမျိုးသား […]
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးနှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ရေကူးအားကစားနည်းမှ ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး တတိယမြောက်နှင့် စတုတ္ထမြောက် ရွှေတံဆိပ်ဆုတို့ကို ပြေးခုန်ပစ်အားကစားနည်းမှ ထပ်မံဆွတ်ခူးရရှိ
![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးနှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ရေကူးအားကစားနည်းမှ ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး တတိယမြောက်နှင့် စတုတ္ထမြောက် ရွှေတံဆိပ်ဆုတို့ကို ပြေးခုန်ပစ်အားကစားနည်းမှ ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဇန်နဝါရီ ၂၁ ။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရေကူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ 80th Birthday Anniversary Commemorative Stadium အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရေကူး (အမျိုးသား) မီတာ ၅၀ ပက်လက်ကူးပြိုင်ပွဲတွင် အောင်မြင့်မြတ် က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံကလည်းကောင်း၊ ရေကူး(အမျိုးသား) မီတာ ၂၀၀ ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နန္ဒစိုးမင်းက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ […]
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ထိုင်း၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန်(၇)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ထိုင်းနိုင်ငံက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့များက ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြသည်။ ထို့နောက် […]
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation(APSF) Board of Governor (BoG) အစည်းအဝေးသို့တက်ရောက်
![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation(APSF) Board of Governor (BoG) အစည်းအဝေးသို့တက်ရောက် ထိုင်း၊ ဇန်နဝါရီ ၁၉ ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များတွင် ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် Asean Para Sports Federation(APSF) Board of Governor(BoG)အစည်းအဝေးကို နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့၊ Kantary Hotel ရှိ Lamtakong ခန်းမ၌ ကျင်းပခဲ့ရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် […]