အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၆)အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဘားအံ၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၆)အထက်တန်းကျောင်းခွဲတွင် ယနေ့ ၂၃-၁-၂၀၁၆ရက်‌ နေ့လည် ၁၃:၀၀ နာရီ အချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုဥက္ကဌ ဦးသန်းအောင်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ အင်အား ၁၅၀ ဦး ခန့် တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်က လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ဘားအံမြို့ လူငယ်စင်တာတွင် လူငယ်များအသိပညာတိုးပွား‌စေရေးအတွက် ကွန်ပြူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတသင်တန်းများဖွင့်လှစ်‌ဆောင်ရွက်ပေးမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးမှ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပို့ချခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးသန်းအောင်မှ ၅ ငါးလီ ခေါင်းစဉ်ဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပို့ချခဲ့ပါသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်က ကျောင်းသားကျောင်းသူများအား ဉာဏ်စမ်းမွေးခွန်းများ မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား ကျောင်းသုံး ဗလာစာအုပ်များ ဆုချပေးခဲ့‌ကြောင်း သတင်းရရှိသည်။