အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဘတ်စကက်ဘောဒိုင်လူကြီးသင်တန်းဖွင့်ပွဲကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဘတ်စကက်ဘောဒိုင်လူကြီးသင်တန်းဖွင့်ပွဲကျင်းပ ရန်ကုန်၊ ဇွန်လ(၅)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဘတ်စကက်ဘောဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မျဉ်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်နှင့်အမှုဆောင်များ၊ ဒိုင်လူကြီး နည်းပြ ဆရာ/ ဆရာမများ၊သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေခံပညာ ဦးစီးဌာနအသီးသီးမှ ကာယ ဆရာ/ ဆရာမများ တစ်ဦးချင်းက မိတ်ဆက်ပေးခဲ့ကြပြီး မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ(ကိုယ်စား) ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ အမှုဆောင် များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၅)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား(-၆၀)ကီလိုပြိုင်ပွဲတွင် နိုင်ဌေး(ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ နေဆန်း(တနင်္သာရီတိုင်းဒေသကြီး)က ဒုတိယ၊ က္ကုဇက်(ရခိုင်ပြည်နယ်)က တတိယ၊ အောင်နိုင်မိုး (ကယားပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသား(-၆၆)ကီလိုပြိုင်ပွဲတွင် လှိုင်မင်းခန့် (စစ်ကိုင်းတိုင်းဒေသကြီး) က ပထမ၊ ဝေလင်းထွေး(ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊ သီဟသော် (ရန်ကုန်တိုင်းဒေသကြီး)က တတိယ၊ မျိုးမြင့်မြတ်(ရှမ်းပြည်နယ်)က ပူးတွဲတတိယ၊ […]

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၇)ခု ဆွတ်ခူးရရှိ

Loading

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၇)ခု ဆွတ်ခူးရရှိ နေပြည်တော်၊ ဇွန်(၅)။ ၁-၆-၂၀၂၄ ရက်‌နေ့မှ ၉-၆-၂၀၂၄ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပလျက်ရှိသည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့မှ အားကစားသမားအင်အား စုစုပေါင်း (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေ က ရွှေတံဆိပ် (၁)ခု၊ အမျိုးသမီး (၁ )ဦးနှင့် အမျိုးသား(၃)ဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတံဆိပ် (၁)ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတံဆိပ် (၁)ခု၊ (အမျိုးသမီး)45.0- 50.9 kgပြိင်ပွဲတွင် […]

ရပ်စောက်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Loading

ရပ်စောက်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ ရပ်စောက်၊ ဇွန်လ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစား ပစ္စည်း ပေးအပ်ဆောင်ရွက်ခြင်းနှင့် အားကစားအမှတ်တရ အင်္ကျီများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရပ်စောက်မြို့နယ်၊ အ.ထ.က (ခွဲ) လှည်းဒိုးကျောင်း ၌ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုဦးစီး(ကာယ) ဒေါ်အမာကြူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ ရပ်စောက်မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒု-ဦးစီး ဒေါ်ငြိမ်းမွန်မွန်မှ မူးယစ်ဆေးဝါးနှင့် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် အထက(ခွဲ)လှည်းဒိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုလှိုင်နှင့် အမေးအဖြေကဏ္ဍ အဖြေမှန်သူ ကျောင်းသား/သူများအား ရပ်စောက်မြို့နယ် အားကစားမှူးမှ […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၃ ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား (၃.၆.၂၀၂၄)ရက်နေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် […]

၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဇွန် ၃ ရက်။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ လူငယ်မျိုးဆက်သစ်အားကစားသမားများ ထွက်‌ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအား ထောက်ပံ့မှုဖြစ်စေရေးနှင့် ဖူဆယ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ၂.၆.၂၀၂၄ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ […]

မဟော်သဓာအကယ်ဒမီကိုယ်ပိုင်ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ၃၀-၅-၂၀၂၄

Loading

မဟော်သဓာအကယ်ဒမီကိုယ်ပိုင်ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ၃၀-၅-၂၀၂၄ တောင်ကြီးမြို့၊ မေလ(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ “ အခမ်းအနားကို ၃၀-၅-၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ ဒေါက်တာ အိအိချော ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေး ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသက် ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မေ(၃၀)။ ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲအဖွဲ့လိုက် အုပ်စု ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲ (၁)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသ ကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက […]

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၂၉)ရက် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ချန်ပီယံဆုဖလားရရှိခဲ့သော တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုခြင်း နှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၂၉.၅.၂၀၂၄)ရက်နေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ခရိုင်ထွေ/အုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်လှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် […]

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဗိုဗီနမ်ပြိုင်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဗိုဗီနမ်ပြိုင်ပွဲကျင်းပ တောင်ကြီးမြို့၊ မေလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ်ဗိုဗီနမ်ပြိုင်ပွဲကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းဆင်းပြိုင်ပွဲကို တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း အဓိကဦးတည်ချက်ထားပြီး […]