အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၁၆)ရက်။

၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများနှင့် သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul ၊ ဒိုင်ချုပ် Mr.Veerapol Nakaprawing နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြ သည်။

ဦးစွာ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစိုးမိုးကျော်က အမှာ စကားပြောကြား၍ သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul က နှုတ်ဆက် စကားပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအား ဒုတိယဥက္ကဌများနှင့်တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးချစ်ကိုကို နှင့် သင်တန်းသားကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးဖြိုးဇာနည် မှ သင်တန်းနည်းပြဆရာ နှစ်ဦးအား အမှတ်တရလက်ဆောင်ပေးအပ်၍ စုပေါင်းဓာတ်ပုံရိုက်ကူး ခဲ့ကြောင်းသိရှိရသည်။