အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင်မြန်မာ‌ ရွှေ‌ ခုနှစ်ခု ၊ ကြေး တစ်ခု ထပ်မံရရှိ

ရန်ကုန် ၊ ဇူလိုင် ၁၃

စင်ကာပူနိုင်ငံ၌ ဇူလိုင်၁၂ရက်မှ ၁၃ရက်အထိ ကျင်းပနေသော စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး / ကယက် လှေလှော်အားကစားအဖွဲ့‌‌ ရွှေ ခုနှစ်ခု ၊ ‌ ကြေးတစ်ခုဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် Open ကနူး နှစ်ယောက်လှော်မီတာ၂၀၀ပြိုင်ပွဲ၌‌ မြန်မာ မှ‌ ကျော်ဇေယျ နှင့် မျိုးလှိုင်ဝင်းတိုကပထမ (ရွှေ) တံဆိပ်ဆုဖြင့်လည်းကောင်း ၊ Open ကနူး ‌လေးယောက်လှော် မီတာ၂၀၀ပြိုင်ပွဲတွင် မြန်မာမှ ကျော်ဇေယျ ၊ သန့်ဇင်ဦး ၊ ထွဋ်ခေါင်ဇော် နှင့် မျိုးလှိုင်ဝင်းတို့က ပထမ (ရွှေ)တံဆိပ်ဆုကိုလည်းကောင်း ၊ Open ကနူးတစ်ယောက်လှော် မီတာ၂၀၀ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းက ပထမ (ရွှေ)တံဆိပ်ဆုကိုလည်းကောင်း ၊ U15 + U18 ကနူးတစ်ယောက်လှော် မီတာ၂၀၀ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်က ပထမ (ရွှေ) တံဆိပ်ဆုကိုလည်းကောင်း ၊ Open ကနူး တစ်ယောက်လှော် မီတာ၅၀၀ ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းက ပထမ(ရွှေ)တံဆိပ်ဆုကို လည်းကောင်း ၊ Open ကနူး နှစ်ယောက်လှော် မီတာ၅၀၀ ပြိုင်ပွဲတွင် ကျော်ဇေယျ နှင့် သန့်ဇင်ဦးတို့က ပထမ (ရွှေ)တံဆိပ်ဆုကိုလည်းကောင်း ၊ Open ကနူး လေးယောက်လှော် မီတာ၅၀၀ ပြိုင်ပွဲတွင် ကျော်ဇေယျ ၊ မျိုးလှိုင်ဝင်း ၊ သန့်ဇင်ဦး နှင့် ထွဋ်ခေါင်ဇော်တို့က ပထမ (ရွှေ)တံဆိပ်ဆုကို လည်းကောင်း ၊ Open ကနူး လေးယောက်လှော် မီတာ၅၀၀ ပြိုင်ပွဲတွင် ခင်ဇော်လွင် ၊ ဇေယျာထွန်း ၊ ထွန်းမင်းသန့် နှင့် ဟိန်းကိုကိုတို့က တတိယ (ကြေး)တံဆိပ်ဆုတို့ကို အသီးသီးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံ မှ ရွှေတံဆိပ် (၁၀)ခု ၊ ငွေတံဆိပ် (၁)ခု ၊ ကြေးတံဆိပ် (၄)ခု ၊ စုစုပေါင်း (၁၅)ခု ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၆)နိုင်ငံမှ အိမ်ရှင်စင်ကာပူ ၊ မြန်မာ ၊ ဩစတြေးလျ ၊ တရုတ်(တိုင်ပေ) ၊ မလေးရှား နှင့် ဟန်ဂေရီ တို့ဖြစ်ကြပြီး အသင်းပေါင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။