စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ ရွှေသုံးခု ၊ ငွေတစ်ခု ၊ ကြေးသုံးခုရရှိထား
စင်ကာပူနိုင်ငံ၌ ဇူလိုင်၁၂ရက်မှ ၁၃ရက်အထိ ကျင်းပနေသောစင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး / ကယက် လှေလှော်အားကစားအဖွဲ့သည်ရွှေသုံးခု ၊ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ၁၀၀၀ပြိုင်ပွဲ၌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေ) ၊ စင်ကာပူမှ Luke Enrique Diez Thangက ဒုတိယ(ငွေ) နှင့် မြန်မာမှ ခင်ဇော်လွင်က တတိယ(ကြေး)ဖြင့်လည်းကောင်း ၊ Open မီတာ၁၀၀၀ ကနူး တယောက်လှော်ပြိုင်ပွဲတွင်မြန်မာမှ သန့်ဇင်ဦးက ပထမ(ရွှေ) ၊ စင်ကာပူမှLucas Huan Zhi Kai ကဒုတိယ(ငွေ) နှင့် မြန်မာမှ ထွဋ်ခေါင်ဇော်က တတိယ(ကြေး) ၊ U15 + U18 ကနူး တစ်ယောက်လှော် မီတာ၅၀၀ပြိုင်ပွဲတွင် မြန်မာမှ ထွဠ်ခေါင်ဇော်က ပထမ(ရွှေ) ၊ စင်ကာပူမှဒုတိယ(ငွေ)နှင့် တတိယ(ကြေး) ၊ U17 + U18 ကယက် တယောက်လှော် မီတာ၅၀၀ပြိုင်ပွဲတွင် စင်ကာပူမှ ပထမ ၊ မြန်မာမှ ဇေယျာထွန်းကဒုတိယ(ငွေ)နှင့် မြန်မာမှ ခင်ဇော်လွင်တတိယ(ကြေး)တို့ဆွတ်ခူးရရှိထားကြသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး / ကယက် လှေလှော်အားကစားအဖွဲ့သည် ဇူလိုင်၁၃ရက်တွင်မီတာ၂၀၀၊မီတာ၃၀၀တို့ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲ၌အိမ်ရှင်စင်ကာပူ ၊မြန်မာ ၊ တရုတ်(တိုင်ပေ)မလေးရှား ၊ ဩစတြေးလျ ၊ ဟန်ဂေရီနိုင်ငံတို့၀င်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။


