အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန်(၁၁)။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း‌ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဇွန် ၁၁။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် မှ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ရှမ်းပြည်နယ်အသင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) […]

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန် ၁၁။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား/သူလူငယ်များ အသိပညာဗဟုသုတဉာဏ်ပညာတိုးပွါးပြီး ဗလငါးတန်နဲ့ ပြည့်စုံစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်တွင် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်မှ လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် အမှာစကားပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းမှ ကျင့်ဝတ်နဲ့စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊နေပြည်တော်လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ ဉာဏ်စမ်းပဠေဟိမေးမြန်း၍လည်းကောင်း၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးလွန်ထန်ဖွေးမှ ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေအကြောင်းကိုလည်းကောင်းအသီးသီးဟောပြောဆွေးနွေးကြပြီး အခြေခံပညာကျောင်းသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးတွဲကျင်းပသည့် စာအုပ်စာပေပြပွဲ၊စာဖတ်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ကျောင်းသား/သူများ ကြည့်ရှု့လေ့လာ၍ စာအုပ်များဖတ်ရှုငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၁၀)ရက်။ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း […]

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အားကစားပစ္စည်းပေးအပ်ခြင်းနှင့် နန်းပန်ဘော်လီဘောအားကစားရုံတည်ဆောက်မည့်မြေနေရာအား မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အားကစားပစ္စည်းပေးအပ်ခြင်း နှင့် နန်းပန်ဘော်လီဘောအားကစားရုံတည်ဆောက်မည့်မြေနေရာအား မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး ညောင်ရွှေမြို့၊ ဇွန်လ(၉)ရက်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်ဆောင်ရွက်ရေး ” ဟူသော ဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ရည်မှန်းချက်/မျှော်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး လိုက်ပါလျက် ကလောခရိုင် ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အင်းပေါခုံ) ၃ထပ်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနား၌ အားကစားပစ္စည်းလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဘော်လီဘောအားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရေးအတွက် ကလောခရိုင် ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ ဘော်လီဘောအားကစားရုံတည်ဆောက်မည့်မြေနေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ […]

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးရရှိခဲ့သောမြန်မာအားကစားအဖွဲ့အားကြိုဆို

Loading

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးရရှိခဲ့သောမြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန် ၊ဇွန် (၉)ရက်။ ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့သည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင်ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ ခဲ့‌သောပညာ‌ရေး၀န်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်‌ဒေါက်တာစိုးမြင့်ထွန်းဦး‌ဦးဆောင်သောအားကစားအဖွဲ့၀င်၂၁ ဦးတို့သည် ယ‌နေ့ည‌နေပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအားကသစားနှင့်ကာယပညာ‌ကော်မတီဥက္ကဌ၊တိုင်း‌ဒေသကြီးလူမှု‌ရေးရာ၀န်ကြီးဦး‌ဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်မင်းသန်း၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး၊ တိုင်း‌ဒေသကြီး ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ၊ ‌ကျောင်းသား/‌ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ၌(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီး တစ်ဦးနှင့်အမျိုးသားသုံးဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၇)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အသင်းလိုက်အတိုက်ပြိုင်ပွဲ(ရှုံး/ထွက်)ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ပွဲ […]

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ခရစ်ကက်အားကစားနည်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ကြိုးစားကြစေလိုကြောင်း၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်သည် နိုင်ငံတကာခရစ်ကက်ကောင်စီ(ICC)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (ICC)နှင့် (ACC)တို့က ကျင်းပသည့် နိုင်ငံတကာခရစ်ကက်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှဒေသတွင်း ချစ်ကြည်ရေးပြိုင်ပွဲများနှင့် SEA Games ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခရစ်ကက်အမျိုးသမီးအသင်းမှ ကြေးတံဆိပ်(၁)ခုကို ရရှိခဲ့ပါကြောင်း၊ ခရစ်ကက်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှကြီးမှူးပြီး ကလပ်ပေါင်းစုံ ခရစ်ကက် […]

၂၀၂၄ခုနှစ် ၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးပြိုင်ပွဲ ပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ် ၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးပြိုင်ပွဲ ပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၆။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( SSYEA )တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးစီးပွဲတော် အခမ်းအနားအား (၆.၆.၂၀၂၄)ရက်နေ့ နံနက် (၀၅း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ စူဠာမုနိရင်ပြင်ပေါ်မှ နေ၍စုရုံးတာလွှတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ရှမ်းပြည်နယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ကျော်သူ၊ AIA […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၆)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(-၃၈)ကီလိုပြိုင်ပွဲတွင် ဖြိုးသက်ခိုင်(ဧရာဝတီ)က ပထမ၊ နှင်းဦးဝတ်ရည် (ရန်ကုန်)က ဒုတိယ၊ သင်းချယ်ရီ (နေပြည်တော်)က တတိယ၊ အေးသစ္စာအောင်(ကယား)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၂)ကီလိုပြိုင်ပွဲတွင် ဆောင်ယုံ (ကချင်)က ပထမ၊ ကြာညိုသွယ်(ရန်ကုန်)က ဒုတိယ၊ […]