၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဌာနတွင်း ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲပြိုင်ပွဲတွင် ယှဉ်/လေ့-၂ အသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ယှဉ်/လေ့-၁ အသင်းတို့ ပထမဆုရရှိ
နေပြည်တော်၊ ဩဂုတ် ၂
ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ချစ်ကြည် ရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဌာနတွင်း ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲ ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောလေ့ကျင့်ရေးရုံတို့၌ ကျင်းပခဲ့သည်။
ယနေ့ ဌာနတွင်း ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွင် လူထု/ပညာအသင်းက ကွင်း/ရုံ(က)အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ အား/ပညာအသင်းက စီမံ/ဘဏ္ဍာ(က)အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာအသင်းက စီမံ/ဘဏ္ဍာ(ဂ) အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ယှဉ်/လေ့-၂အသင်းက ကွင်း/ရုံ(ခ)အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် အား/ပညာအသင်းက လူထု/ပညာအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ယှဉ်/လေ့(၂)အသင်းက လူငယ်ရေးရာအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် လူငယ်ရေးရာအသင်းက လူထု/ပညာအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ယှဉ်/လေ့(၂) အသင်းက အား/ပညာအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ယှဉ်/လေ့- ၂ အသင်းက ကွင်း/ရုံ(ခ)အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ယှဉ်/လေ့-၁ အသင်းက ကွင်း/ရုံ(က)အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ကွင်း/ရုံ(ခ)အသင်းက ကွင်း/ရုံ(က)အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ယှဉ်/လေ့-၁ အသင်းက ယှဉ်/လေ့-၂ အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဌာနတွင်း ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ယှဉ်/လေ့-၂ အသင်း၊ ဒုတိယဆုရရှိသည့် အား/ပညာအသင်း၊ တတိယဆုရရှိသည့် လူငယ်ရေးရာအသင်း (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ယှဉ်/လေ့-၁ အသင်း၊ ဒုတိယဆုရရှိသည့် ယှဉ်/လေ့-၂ အသင်း၊ တတိယဆုရရှိသည့် ကွင်း/ရုံ(ခ)အသင်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဌာနတွင်း ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောလေ့ကျင့်ရေးရုံ တို့၌ ကျင်းပခဲ့ကြောင်း သိရသည်။


