အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၉) နာရီမှ စတင်၍ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း ကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ကယား ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၉)နာရီမှ စတင်၍ အမျိုးသား နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ် အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအပြီးတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ များကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။