အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကမ္ဘာ့အဆင့်ပြိုင်ပွဲ Mobile Legend အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ Women Invitational 2025 (MWI 2025) ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယရရှိခဲ့သော မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ ဇူလိုင်၂၁

ဆော်ဒီအာရေဗျနိုင်ငံ ၊ ရီယာဒ့်မြို့တွင် ဇူလိုင်(၁၅)ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့အဆင့် တတိယရရှိခဲ့သော မြန်မာ Esports အားကစားအဖွဲ့သည် ယနေ့ ည‌နေပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးဝင်း နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်ထက်လင်း၊အမှုဆောင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သင်တန်းသား/သင်တန်းသူများနှင့်မိဘဆွေမျိုးများက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင်ပထမအင်ဒိုနီးရှားနိုင်ငံမှTeam Vitalityအသင်း၊ဒုတိယအမေရိကန်နိုင်ငံမှGaimin Gladiatorsအသင်း ၊ တတိယမြန်မာနိုင်ငံမှ Terror Queensအသင်း တို့ရရှိခဲ့ကြသည်။

ယနေ့ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသမီး Esports အဖွဲ့သည် ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) တွင် နိုင်ငံပေါင်း ၁၄နိုင်ငံမှ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ အသင်းအုပ်ချုပ်သူတစ်ဦး၊ အထွေထွေမန်နေဂျာတစ်ဦး၊ အသင်းမန်နေဂျာတစ်ဦး၊ နည်းပြတစ်ဦး၊ ကစားသမားငါးဦး ၊ အရံကစားသမားတစ်ဦး စုစုပေါင်း ၁၀ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာအသင်းအနေဖြင့် Mobile Legends ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်အသင်းဖြစ်သောတတိယဆု ရရှိခဲ့သည့် Terror Queensအသင်းသည် Montoon Mobile Legends မှ(၁၀-၆-၂၀၂၅ မှ ၁၅-၆-၂၀၂၅ ထိ) ကျင်းပပြုလုပ်ခဲ့သော “MWI 2025 Myanmar Qualifier ပြိုင်ပွဲ Mobile Legends ကစားနည်းတွင် Champion အဖြစ်အနိုင်ရရှိခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် (၁၅-၇-၂၀၂၅ မှ ၁၉-၇-၂၀၂၅ ထိ)ကျင်းပမည့် Esports World Cup MLBB Women Invitational 2025 (MWI 2025)သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။