ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ

ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၅။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ(၁၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် ဘင်းမ်စတက်လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots)ပြိုင်ပွဲသို့ အလွတ်ကူးမီတာ၅၀၊ အလွတ်ကူး မီတာ၁၀၀၊ လိပ်ပြာကူး မီတာ၅၀၊ ပလက်ကူး မီတာ၅၀၊ ရင်ဘောင်တန်းကူး မီတာ၅၀၊ Mix Relay 100×4 အလွတ်ကူးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိင်ငံရေကူးအဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်၊ နည်းပြ ဦးသီဟအောင်နှင့်အားကစားသမား(၇)ဦး၊ စုစုပေါင်း(၉)ဦးတို့သည် ယနေ့နံနက် ၈နာရီ၁၅မိနစ် အချိန်ကလေယာဉ်ပျံအမှတ် 8M620 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနယူးဒေလီမြို့သို့ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးစန်းဝင်းဇော်နှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ(၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ (Gold Medal Hall)၌ တွေ့ဆုံနှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တည်းခိုနေထိုင်မည့် အိပ်ဆောင်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖျော်ဖြေရေးအကအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ဖေဖော်ဝါရီလ(၂)ရက်။ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ ကြည့်ရှုအားပေး အဆိုပါဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား တိုးတက်မြင့်မားလာစေရေး နှင့်အဆင့်အတန်းမီ နည်းပြနှင့်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသည် ကမ္ဘာမှာ မြန်မာလူမျိုးများသာ ကျွမ်းကျင်စွာကစားတတ်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာတိုးတက်မြင့်မားလာပြီး ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာကို စနစ်တကျသင်ကြားရေးနှင့် စည်းမျဉ်း/စည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချရေးသည် အဓိကအခန်းကဏ္ဍတွင် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော် ဖေဖော်ဝါရီ ၁။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး) (5 on 5)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ဘတ်စကက်ဘော (အမျိုးသမီး၊ အမျိုးသား) (5 […]
ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ

ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ ရန်ကုန်၊ ဖေဖေါ်ဝါရီလ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ရုံးဟောင်း၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဒိုင်/နည်းပြဆရာများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆန်းဆိုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ထောက်လုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များအားပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌကိုယ်စား မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်မှ ညွှန်ကြားရေးမှူးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ […]
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5) အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (3×3) တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၁)မှတ်၊ (၄၈)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ်(၆၅)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ်(၇၈)မှတ်၊ (၅၄)မှတ်ဖြင့်လည်းကောင်း၊ မကွေး […]
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပဲခူး၊ ဇန်နဝါရီလ(၃၀)ရက်။ တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ (၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများက ပဲခူးခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဥ်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ နတ်တလင်းခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပွဲစဥ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် အကောင်းဆုံးအားကစာသမားဆု ရရှိသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့်တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၃၀)။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) (5×5) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် (၅၉)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၆)မှတ်၊ (၂၂)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ် အသင်းကို ရမှတ်(၈၃)မှတ်၊ (၃၃)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၀)မှတ်၊ (၇၉)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) […]
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက် ဇမ္ဗူသီရိ ဇန်နဝါရီလ(၃၀)ရက်။ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံကကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထားဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား နိုင်ငံကိုချစ်သည့်စိတ် ၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို […]