အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး၊ ဩဂုတ်လ(၅)ရက်။

ပဲခူးမြို့၊ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများကကြည့်ရှု့အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းဆုံးဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဆုတံဆိပ်များနှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တတိယဆုရရှိသောပြည်ခရိုင်အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အမျိုးသမီးဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးနှင့်သယံဇာတရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမဆုရရှိသော ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်းပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပထမရရှိသော ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု(၁၀)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံစုပေါင်းရိုက်ကူးကြသည်။

အဆိုပါ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ ခရိုင်(၆)ခရိုင်ကိုယ်စားပြုဘောလုံးအသင်း(၆)သင်း၊ ပဲခူး၊ပြည်၊တောင်ငူတက္ကသိုလ်များကိုယ်စားပြု ဘောလုံးအသင်း(၃)သင်း၊ စုစုပေါင်းဘောလုံးအသင်း(၉)သင်းပါဝင်ကာ အုပ်စု(၃)အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသတင်းရရှိသည်။