အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံ ( 2nd China – ASEAN International Conference on Physical Fitness and Health Promotion)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ကိုယ်စားလှယ်(၂)ဦးတို့သည် ယနေ့မွန်းလွဲ (၁၃:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU- 9642 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ်

Loading

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် တောင်ကြီး၊ အောက်တိုဘာလ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာ သင်တန်းအား ယနေ့ မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရာသို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနှင့် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသူများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ၇.၁၀.၂၀၂၄ ရက်နေ့မှ စတင်ကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား သင်တန်းသူစုစုပေါင်း(၁၆)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၁၁.၁၀.၂၀၂၄ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၇ ။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ အောက်တိုဘာ ၅ ရက်နေ့တွင် (အမျိုးသား/အမျိုးသမီး) Recurve/Compound မြား (၇၂)ချောင်း Ranking Round ပြိုင်ပွဲအား ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အကြို ဗိုလ်လုပွဲ […]

Futsal Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

Futsal Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၅ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ် Rules & Regulations Update Workshop တွင် တက်ရောက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၄၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ […]

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၅)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၅.၁၀.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ်လည်းကောင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်မည့် အင်အား၊ ဝတ်စုံအရောင်၊အစမ်းလေ့ကျင့်ခြင်းတို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်မည့် အင်အား၊ ဝတ်စုံအရောင်၊အစမ်းလေ့ကျင့်ခြင်းတို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၄ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ချီတက်ပါဝင်မည့်အင်အား၊ ဝတ်စုံအရောင်၊ အစမ်းလေ့ကျင့်ခြင်းတို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သိသင့်သိထိုက်သည်များကို တင်ပြပြောကြားသွားမည်ဖြစ်ကြောင်း၊ သိရှိလိုသည်များနှင့် မရှင်းလင်းသည့်ကိစ္စရပ်များရှိပါက မေးမြန်းဆွေးနွေးနိုင်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်တွင် ဝန်ကြီးဌာနအလိုက် တက်ရောက်မည့် အင်အားစာရင်း၊ ဝတ်ဆင်မည့် ဝတ်စုံအရောင်များ၊ ချီတက်လမ်းလျှောက်မည့် အစီအစဉ်များ၊ မီးရှူးတိုင် သယ်ဆောင်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး […]

Football Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

Football Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၄ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံး Rules & Regulations Update Workshop တွင် တက်ရောက်လျက်ရှိသော ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၄၀)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်း အလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် […]

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Loading

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၂။ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။ ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်အသင်းနှင့် ဆေးတက္ကသိုလ်မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဆေးတက္ကသိုလ်မကွေးအသင်းက နှစ်ဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကာ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယဆုရရှိသူများကို ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့် အသင်းကို […]

ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ

Loading

ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၂ ။ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံ (နည်းပြ/ဒိုင်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တက်ရောက်နေသည့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမ (၁၀၀)ဦးနှင့် သင်တန်းအုပ်ချုပ်သူ(၅)ဦး စုစုပေါင်းအင်အား(၁၀၅)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူ ရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ […]