အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစေ့စိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ငါးမျိုးစေ့စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁)ရေကန်၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးကျော်စိုးမိုးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ငါးမြစ်ချင်းသားပေါက်၊ ငါးကြင်းရွှေဝါသားပေါက်နှင့် ထိုင်းငါးခုံးမသားပေါက် များကို စိုက်ထည့်ခဲ့ကြပြီးနောက် အရာထမ်း/အမှုထမ်းများက ငါးသားပေါက်မျိုးစိတ်များကို ဆက်လက် စိုက်ထည့်ခဲ့ကြသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပေါများလာစေရေးနှင့် ငါးမျိုးစေ့များစွာ ပိုမိုပေါက်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ်ငါးမျိုးစေ့ စိုက်ထည့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ငါးမြစ်ချင်းသားပေါက်အကောင်ရေ (၁၀၀၀)၊ ငါးကြင်းရွှေဝါသားပေါက်အကောင်ရေ (၁၀၀၀)၊ ထိုင်းငါးခုံးမသားပေါက်အကောင်ရေ (၁၀၀၀)နှင့် ငါးမျိုးစေ့အစုံ အကောင်ရေ (၂၀၀၀)၊ စုစုပေါင်း ငါးသားပေါက်အကောင်ရေ (၅၀၀၀)ခန့်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများအပါအဝင် အရာထမ်း/အမှုထမ်း ဝန်ထမ်းအင်အား (၃၇၀)ကျော်ခန့်တို့က စုပေါင်းပါဝင်ဆင်နွှဲ စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။