နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် နေပြည်တော်၊ ဒီဇင်ဘာလ(၂၀)ရက်။ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စာပေအနုပညာရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန […]
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်
![]()
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး ပါဝင်ယှဉ်ပြိုင်သွားစေလိုကြောင်းနှင့် အားကစားသမား […]
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။ National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိ စေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2)တို့၌ ဆက်လက်ကျင်းပခဲ့သည်။ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]
FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ချန်ပီယံ SHAN FC (SOUTHERN) အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားကျင်းပ
![]()
FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ချန်ပီယံ SHAN FC (SOUTHERN) အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားကျင်းပ တောင်ကြီး၊ ဒီဇင်ဘာလ(၁၉)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်က FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ၌ မြန်မာတစ်ပြည်လုံး ချန်ပီယံအဖြစ် ရပ်တည်ခဲ့သော SHAN FC (SOUTHERN) အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၉.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၈း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၉)ရက်။ ၂၀၂၃ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒဂုံမြို့သစ်ခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံမြို့သစ်ခရိုင်မှ (၁:၀)ဖြင့် အနိုင်ရှိခဲ့ပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာတွင် ပထမဆုရှိသော ဒဂုံမြို့သစ်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆု ကျပ်(၅၀)သိန်းနှင့်အတူ တံခွန်စိုက်ဆုဖလား ချီးမြှင့် ခြင်း ၊ ဒုတိယဆုရှိသော မင်္ဂလာဒုံခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၄၀)သိန်း ချီးမြှင့်ခြင်း၊ တတိယဆုရရှိသော တွံတေးခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်မှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၃၀)သိန်း ချီးမြှင့်ခြင်း ၊ […]
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၁၉)ရက်။ National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2)တို့၌ ဆက်လက်ကျင်းပခဲ့သည်။ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ဂိုး၊ […]
၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလားဂေါက်သီး ရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလားဂေါက်သီး ရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဒီဇင်ဘာလ(၁၈)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တောင်ကြီးဂေါက်ကလပ်တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးဂေါက်ကလပ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ဆုရအားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယတိုင်းမှူး […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။ National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပခဲ့သည်။ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနကို (၃)ဂိုး၊ ဂိုးမရှိဖြင့် […]
ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ်
![]()
ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ(တတိယပတ်)၌ လူထုလမ်းလျှောက်ပွဲပြုလုပ်ခဲ့ကြသည်။ ထိုသို့လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၉၉)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတဆင့် တောင်သွားလမ်းတစ်လျှောက်စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြင်တော်သာလမ်းမတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာပန်းခြံထဲ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ ကာယလေ့ကျင့်ခန်း အတွဲ(၁)(၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၆)ရက်။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ (၅:၃၀)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ဘူယောင်းရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ဌဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က ဝန်ကြီးချုပ်ကိုယ်စားဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ […]