အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ပဲခူး၊ စက်တင်ဘာလ(၁၁)ရက်။ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားအား ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားရာတွင်  32nd SEA Games ပြိုင်ပွဲအပြီး 33rd SEA Games ပြိုင်ပွဲကျင်းပရန် လိုနေသေးသည့် အချိန်ကာလတွင် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဖြင့် […]

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Loading

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၈။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၈.၉.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ISH အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘော်လီဘောလက်ရွေးစင်ဟောင်း ဦးစိုးသိန်းက အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီနှင့် ဒေါက်တာချောချောစိန်တို့က လက်ခံရယူခဲ့ကြပြီးဒုတိယ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် […]

ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Loading

ရန်ကုန်တက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၇။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ အပန်းဖြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘောလုံးလက်ရွေးစင်ဟောင်း ဦးတင်အောင်(ဂိုး)က အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြပြီး ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ ကရာတေးဒိုအားကစားအဖွဲ့နှင့်အေရိုးဗစ်အားကစားအဖွဲ့တို့မှ အားကစားသရုပ်ပြသခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်တို့မှ သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ တောင်ကြီး စက်တင်ဘာလ(၅)ရက်။ ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ လူငယ်စကားဝိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူငယ်ဖွံ့ဖြိုးရေးတို့ကို စဥ်ဆက်မပြတ်ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ လူငယ်များကိုအနာဂတ်မှာ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးနှင့် လူတစ်လုံးသူ တစ်လုံးဖြစ်လာစေရေးတို့မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်ဖွံ့ဖြိုးရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအသီးသီးတို့က မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသားတို့သည် နိုင်ငံကိုဖန်တီးတည်ဆောက်သူများဖြစ်ကြသည့်အတွက် ဖန်တီးတည်ဆောက်မူတည်ပြီး နိုင်ငံအရည်အသွေးမြင့်မားလာမည်ဖြစ်ကြောင်း၊နိုင်ငံကောင်းရန်အတွက် နိုင်ငံသားများကောင်းဖို့လိုအပ်မှုဖြစ်သည့်အတွက် အရေးကြီးဆုံးမှာ အသိဉာဏ်အမြော်အမြင်ပြည့်စုံရန်ဖြစ်ပါကြောင်း၊ အသိပညာဗဟုသုတပြည့်စုံပြီး ကောင်းကျိုးဆိုးပြစ်တို့ကိုဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်များမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် လူငယ်မောင်မယ်များကြိုးစားကြရန်ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်ကတိုင်းပြည်၏အနာဂတ်အတွက် လူငယ်များ၏အရေးပါမှုကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်၊ […]

ရှမ်းပြည်နယ်လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ရှမ်းပြည်နယ်လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၄)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)ကို စက်တင်ဘာလ(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကော်မတီဝင်ဌာနများအလိုက် လူငယ်ကဏ္ဍ (၁၆)ရပ်ပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လမ်းညွှန်ချက် ၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ခဲ့ပါကြောင်း ၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်များသာမက ခရိုင်၊ မြို့နယ်အဆင့်အထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်လူငယ်ရေးရာကော်မတီနှင့် မြို့နယ်လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခု ၊ ဒေသ(၁)ခုနှင့် ခရိုင်အဆင့် (၉)ခရိုင် ၊ မြို့နယ်အဆင့် (၃၁)မြို့နယ်သာ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊ စက်တင်ဘာလ(၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings ) သို့ တက်ရောက်ခဲ့သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် သြဂုတ်လ(၂၇)ရက်နေ့မှစက်တင်ဘာလ(၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက်အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်အဝေးနှင့်ဆက်စပ်အစည်းအဝေးများ(Fourteenth ASEAN Senior Officials Meeting On […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၁)။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်ထိုင်းနိုင်ငံမှ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ၀န်ကြီး H.E Phiphat Ratchakitprakarn က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ ယခင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ (၁၃)ကြိမ်မြောက်နှင့် (၁၄)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးများနှင့် […]

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၁)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ သရုပ်ပြသ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ တွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း/ အားကစားရုံနှင့် လယ်ဝေးမြို့နယ် Training Center(TC-2) ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။