အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် စခန်းသွင်း အားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုအားပေး
ရန်ကုန် ၊ မေလ(၇)ရက်။
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးသစ်) ဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက် အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ Bo Min Bo Co,ltdမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် Bo Min Bo Co,ltd မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးသစ်) ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဆိုင်းဘုတ် အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် ကမ္ဗည်းမော်ကွန်းအား အမွေးနံသာရေများပက်ဖြန်းပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အလျား(၈၁)ပေ၊ အနံ(၅၇)ပေရှိသော တိုင်းရုံးသစ်ကြီးကို ခွင့်ပြုငွေကျပ်သန်း(၅၈၈)ဖြင့် Bo Min Bo Co,ltd က တည်ဆောက်ခဲ့ပြီး ရုံးသစ်ကြီးဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ပေးကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာ့လက်ရွေးစင် အကျော်အမော်များကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အစဉ်အလာကောင်းသည့် တိုင်းဒေသကြီး တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာကိုလည်း တွေ့ရှိရပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပူးပေါင်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ၂၀၂၅ခုနှစ်၊ မေလမှ စ၍ အောက်တိုဘာလအထိ အားကစားနည်း(၁၄) နည်း ပြိုင်ပွဲအမျိုးအစား (၁၅)မျိုးကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ် သွားမှာဖြစ်သည့်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုပါ
ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ယခင်နှစ်ကထက်ပိုမို အောင်မြင်မှုများ ရရှိအောင်ကြိုးပမ်းကြပါလို့ ပြောကြားခဲ့ပါသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း အားကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအားပေး ချီးမြှင့်လျက်ရှိပါကြောင်း၊ အားကစားကွင်း/အားကစားရုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ဆောင်ရွက်ရန်၊ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်၍ တည်ဆောက် ရန်လိုအပ်ပါကြောင်း၊ အဓိကအားကစားကွင်းကြီးအတွင်း အားကစားနည်း(၈)မျိုးကို နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျထည့်သွင်းတည်ဆောက် ရမည်ဖြစ်ပါကြောင်း ၊ ယခုလိုဆောင်ရွက်ရခြင်းကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့်အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်သွားရန် အတွက်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအားကစားအနေဖြင့်လည်းတိုင်းဒေသကြီး အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဆင့်အထိ ရည်မှန်းချက်ထားရှိပြီး ကြိုးစားပေးသွား ကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ အခမ်းအနားသို့တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တို့အား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) အား တည်ဆောက်သည့် Bo Min Bo Co,ltd မှစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ လက်ခံရ ယူခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ရောက်ရှိပြီးဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရဘတ်ဂျက် ကျပ်သန်း (၅၄၀၀)ဖြင့်တည်ဆောက်နေသည့် အလျား(၂၀၀)ပေ၊ အနံ(၁၅၀)ပေရှိ လူဦးရေ(၂၁၀၀)ဆံ့ မြသီတာမိုးလုံလေလုံ အားကစားရုံနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ကျပ်သန်း (၇၇၂.၅၄)ဖြင့် တည်ဆောက်နေသော မြသီတာ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီ ကောင်းမွန်စွာဖြင့်သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်သွား ရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့် ရေးစခန်း(သုဝဏ္ဏ) ၌ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်တိုက်ကွမ်ဒို အားကစားသမားများ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ဆုတံဆိပ်များဆွတ်ခူးရရှိ နိုင်အောင်ကြိုးစားကြရန်မှာကြားခဲ့ပြီးနောက် ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါ သည်။
ယင်းနောက် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ စခန်းဝင်လေ့ကျင့်နေ သော ပဏာမလက်ရွေးစင်ဘိလိယက်နှင့်စနူကာ အားကစားသမားများ လေ့ကျင့်နေမှု များအား သွားရောက်ကြည့်ရှုအားပေး၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ ပဏာမ လက်ရွေးစင်အားကစားသမားများထားရှိရာ (၄)ထပ်အိပ်ဆောင်ရှိစားရိပ်သာ၌ ပဏာမ လက်ရွေးစင်အားကစားသမားများနှင့်အတူ ရင်းရင်းနှီးနှီးနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ပါသည်။ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိ၍ ပဏာမလက်ရွေးစင်သေနတ်ပစ် အားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီးနောက် ဝေဇယန္တာ လမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) လေ့ကျင့်ရေးကွင်း(၁)တွင် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ သစ္စာအားမာန် ဘောလုံးအသင်းနှင့် ISPE ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ ကြောင်းသတင်းရရှိသည်။








