အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၇

ရန်ကုန်ခါနန်နှစ်ခြင်းအသင်းတော်(လှိုင်သာယာ)နှင့် Sweet J Foundation တို့မှ အလှူရှင်များက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အလှူရှင်များက ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့လှူဒါန်းပေးအပ်သည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒုတိယဝန်ကြီးက လက်ခံရယူခဲ့ပြီး‌နောက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များအား အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် အားကစားအဖွဲ့များအား အသီးသီး ပေးအပ်ခဲ့ပြီးနောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ဒဏ်များကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များနှင့် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အသက်ဘေးအန္တရာယ်မရှိခဲ့သော်လည်း ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားကွင်း/ အားကစားရုံ အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ ရပါကြောင်း၊ လာမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် အားကစားအဖွဲ့များ ငလျင်ဘေးဒဏ်ကြောင့် နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများ ပြုလုပ်ရန် ကွင်း/ရုံ အခက်အခဲများ ရှိသည့်အတွက် ရန်ကုန်မြို့တွင် ပြောင်းရွှေ့စခန်းသွင်းလေ့ကျင့်လျက် ရှိပါကြောင်း၊ ရုံးများနှင့် ဝန်ထမ်းအိမ်ရာများလည်း ပြောင်းရွှေ့ဖွင့်လှစ်နေထိုင်လျက်ရှိပါကြောင်း၊ ယခုလို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို လာရောက်လှူဒါန်းပေးသည့်အတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်းနှင့် အလှူရှင်များအား မိမိတို့ဝန်ကြီးဌာနကိုယ်စား အထူးပင်မှတ်တမ်းတင် ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ပြီး မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အားကစားအဖွဲ့များအနေဖြင့် အစွမ်းကုန်ကြိုးစားလေ့ကျင့်လျက်ရှိပါကြောင်း ပြောကြား၍ အလှူရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။