အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

Loading

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော်၊ မတ်(၅)။ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ အမျိုးသား အားကစားပွဲတော်ကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၄)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအားကစားပွဲတော်သည် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ အရာထမ်း/ အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ အရာထမ်း/ အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် နေပြည်တော်ရှိ အရာထမ်း/အမှုထမ်းများနေထိုင်သည့်အိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှုထမ်းများနေထိုင်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ အပျိုဆောင်တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက် အိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာများတွင် နေထိုင်သည့် အရာထမ်း/ အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အိမ်ရာ စည်းမျဉ်း/စည်းကမ်းများအား လိုက်နာဆောင်ရွက်သွားရန်၊ စည်းမျဉ်း/စည်းကမ်းများနှင့် အကျုံးမဝင် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ မတ်လ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းအားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်‌နေမှုများအားလည်းကောင်း၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိရုံသာမက အသင်းလိုက် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအမျိုးအစားများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုတံဆိပ်များရရှိစေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်လိုကြောင်း၊ ယခုကတည်းက လေ့ကျင့်ချိန်၊ စားသောက်ချိန်၊ အိပ်စက်အနားယူချိန်များကို ညီညွတ်မျှတအောင် အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုကြောင်း၊ အားကစားသမားအချင်းချင်း ညီအစ်ကို၊ မောင်နှမစိတ်ဓာတ်ထားရှိပြီး စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ နည်းပြများ၏ စနစ်တကျသင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁)။ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ကြည့်ရှုအားပေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ” ပွဲစဉ်များအဖြစ် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြေးခုန်ပစ်(အပစ်)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကတ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး နေထိုင်စားသောက်လေ့ကျင့်မှုများတွင် အခက်အခဲများရှိပါက သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ပြေးခုန်ပစ် (တာလတ်၊ တာဝေး)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ အလေးမအားကစားရုံတွင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲတို့အား ယှဉ်ပြိုင်သွားယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiard Double Final ပြိုင်ပွဲ၊ 9 Ball Pool Men Double ပြိုင်ပွဲ၊ 9 Ball Pool Women Double […]

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက် နေပြည်တော် ဖေဖော်ဝါရီလ(၂၈)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် နိုင်ငံတော်၏ အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ (၂၄)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ […]

၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။ ၂၀၂၄ ခုနှစ်၊မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့၌ ကျင်းပပြုလုပ်မည့် “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော် ” (The World Youth Festival 2024)သို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော်သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းပေးခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက် ရန်ကုန်၊ဖေဖော်ဝါရီလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium သို့ ရောက်ရှိလာရာ ဒဂုံမြို့သစ်တောင်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ကြိုဆိုကြပြီး အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာ လေ့ကျင့်နေသော ဖူဆယ်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် အားကစားကို ဝါသနာပါသော ပြည်သူများ လေ့ကျင့်လိုက်စားစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်စေရေးအတွက် ဘက်ဂျက်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ပေးထားခြင်းဖြစ်သည့်အတွက် အခမဲ့ကစားခွင့်ပြုရန် ဖြစ်ပြီး အားကစားသမားများကလည်း စည်းကမ်းစနစ်ကျနစွာ ကစားပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာအားကစားတာဝန်ခံများအနေဖြင့်လည်း လိုအပ်သည့်အားကစားအသုံးအဆောင်ပစ္စည်း များကို ထုတ်ပေးရန်နှင့် လိုအပ်ပါက ဌာနသို့ တင်ပြတောင်းခံနိုင်ကြောင်း၊ အားကစားရုံသန့်ရှင်းလှပ စေရေးနှင့် ရေရှည်တည်တံ့ […]