အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ နေပြည်တော်၊ မတ်(၄) မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက In Person စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ် ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်ဖွံ့ဖြိုးတိုတက်ရေး […]

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးချုပ် ရဲနိုင်မျိုး(ငြိမ်း) နှင့် တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်း‌ရေးမှူး ၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်း‌ရေးမှူး ၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၈)ရက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ လှည်းကူး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင် ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ စာရေးဆရာ ကောင်းသန့်၊ ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်း သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားဆက်လက်ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာလူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ် များက အဖွဲ့လိုက် Presentation များဖြင့် အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် “Building An Intergreated and Innovative Future” ခေါင်းစဉ်များ၏ ဆွေးနွေးပွဲရလဒ်များကို ပြန်လည်တင်ပြခဲ့ကြသည်။ ဆက်လက်ပြီး လူငယ်အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhangနော်တောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း(MYDA)မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပထမပိုင်းအစီအစဉ်အနေဖြင့် နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့်အတူ မြန်မာလူငယ်များ၏ စွမ်းဆောင်ရည်များ တိုးတက်လာစေရေး၊ လူငယ်များအချင်းချင်း […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

Loading

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄)ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူ များနှင့်အတူ လူငယ်အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏကွင်းရှိ အမျိုးသား/ အမျိုးသမီး (၄)ထပ်တည်းခိုဆောင်သို့ ရောက်ရှိပြီး ရန်ကုန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပရာ၌ အားကစားသမားများ တည်းခိုနေထိုင် စားသောက်ရေးကိစ္စရပ်များ၊ အဆင်ပြေစေရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်မှာကြားပြီး မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ရှိ ဆောင်းရာသီသင်တန်းတွင် အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များမှာကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် လေ့ကျင့်ရေးရုံ ပြင်ဆင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအား ပေးပြီး ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် အဖွဲ့ချုပ်မှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိအားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူ များနှင့်အတူ နေ့လယ်စာစားသုံး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိအားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူ များနှင့်အတူ နေ့လယ်စာစားသုံး ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၂)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစား နှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေး စခန်းသို့ ရောက်ရှိ ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ တွင်ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာ လှေနှင့် ကနူး/ကယက်လှေလှော် အားကစားသမားများ ၊ နည်းပြများကို ရင်းရင်းနှီးနှီး […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိ ပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိ ပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၂၁ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ လူငယ်ရေးရာကော် မတီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ကျောင်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ် အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ် အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၁)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးမှ လက်ရှိဆောင်ရွက် နေသည့် အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်(၀၉း၃၀)နာရီ မှ (၁၈း၀၀)နာရီအထိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)ရှိ ပတ္တမြားခန်းမ ၊ သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေး ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ […]

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

Loading

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက နိုင်ငံတော်ပိုင် အဆောက်အဦ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦ၊ ရုံးများကို သဘာဝဘေးအန္တရာယ်နှင့်‌ ပေါ့ဆ မီးများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံး တားဆီးကာကွယ်ပေးနိုင်ရန် အတွက်ရည်ရွယ်၍ ဟောပြောခြင်းနှင့် သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းအခမ်းအနားကို ပြုလုပ် ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် မြန် ၃ မြန် (မြန်မြန်သိ၊ […]