အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့ ၊ ဇန်နဝါရီ (၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် တောင်ကြီးတက္ကသိုလ်တို့ပေါင်းစပ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို (၉.၁.၂၀၂၃) ရက်နေ့ ညနေ (၁၅:၀၀) အချိန်တွင် တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်လွတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ […]

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲကျင်းပ

Loading

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၄)ရက်။ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖွဲ့ချုပ်ဖလား မြင်းစီးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံမြင်းစီးအသင်းမှ လက်ရွေးစင်များ၊ မြင်းစီးကလပ်အသင်းများ၊ မြင်းချစ်မြတ်နိုးသူအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်များက မြန်မာ့ရိုးရာအသားကျပြိုင်ပွဲတွင် ပထမဆုရ ဇေယျာဝင်း(ရွှေဇင်ယော်)၊ […]

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲ ကျင်းပ

Loading

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၄)။ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အပြေးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ အပြေးပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို အိသက်ထားမွန် (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို နွေယမင်းသူ(ကာကွယ်ရေးဝန်ကြီးဌာန)နှင့် တတိယဆုကို မေဇွန်ကျော်(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုကို မျိုးဝင်းကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယဆုကို စိန်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန)နှင့် တတိယဆုကို နိုင်လွင်ထူး(ကာကွယ်ရေးဝန်ကြီးဌာန)တို့ကလည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် ပထမဆုကို နွေဦးခိုင်(ကာကွယ်ရေးဝန်ကြီးဌာန)၊ […]

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် အပြေးပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ် ပြေးပြိုင်ပွဲကျင်းပ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ်အပြေးပြိုင်ပွဲကို (၃.၁.၂၀၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်၌ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသည် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ လူငယ်များကိုအားကစားဖြင့် ဆွဲဆောင်စည်းရုံးပြီး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူအင်အား (၁၀၀၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်၊ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ လူမှု့ရေးရာဝန်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပြီးဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖွဲ့ချုပ်ဖလားမြင်းစီးပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖွဲ့ချုပ်ဖလားမြင်းစီးပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ(၂)ရက်။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖွဲ့ချုပ်ဖလားမြင်းစီးအားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ကျင်းပခဲ့သည်။ ရှေ့ဦးစွာမြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌဦးပြုံးမောင်မောင်ကအဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဌများကပြိုင်ပွဲဖွင့်လှစ်ခြင်းနှင့်ခေါင်းလောင်းခေါက် အချက်ပေးဖွင့်လှစ်ခဲ့သည်။ ယနေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲအငယ်တန်း Group (A)၊ အငယ်တန်း Group (B)၊ အငယ်တန်း Group(C) ၊အငယ်တန်း Group (D)၊ အလတ်တန်း Group (A)နှင့် မြန်မာ့ရိုးရာအသားကျ ပြိုင်ပွဲ(၁)၊(၂)များယှဉ်ပြိုင်ခဲ့ပြီးဇန်နဝါရီလ(၃)ရက်နေ့တွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲအငယ်တန်း Semi-Finals (1) ၊ Semi-Finals (2) မြန်မာ့ရိုးရာအသားကျ ပြိုင်ပွဲ၊ ဒုန်းစီးပြိုင်ပွဲအလတ်တန်းGroup (B)နှင့် တန်းခုန် သရုပ်ပြပြိုင်ပွဲများဇန်နဝါရီလ (၄)ရက်နေ့တွင် တန်းခုန် သရုပ်ပြပြိုင်ပွဲများ၊အလှစီးသရုပ်ပြ ပြိုင်ပွဲများ ၊ မြန်မာ့ရိုးရာအသားကျပြိုင်ပွဲဗိုလ်လုပွဲနှင့် ဒုန်းစီးပြိုင်ပွဲအငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊အထူးတန်းနှင့် ဗိုလ်လုပြိုင်ပွဲများကျင်းပပြီးဆုပေးပွဲများပြုလုပ်သွားမည်ဖြစ်သည်။ မြင်းစီးပြိုင်ပွဲတွင်မြန်မာနိုင်ငံအတွင်းရှိမြင်းစီးအားကစားသမားများ၊မြန်မာနိုင်ငံမြင်းစီးအသင်းမှလက်ရွေးစင်များ၊မြင်းစီးကလပ်အသင်းများ၊မြင်းချစ်မြတ်နိုးသူအဖွဲ့အစည်းများမှမြင်းစီးအားကစားများ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ကွာတားဖိုင်နယ် ပွဲစဉ် များအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ရမှတ် (၃၃)မှတ်၊ ရမှတ်မရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရမှတ်တူ(၈)မှတ် ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ရမှတ်(၂၅)မှတ်၊ (၁၂)မှတ်ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ် များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲ စတင်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့ကြား၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ လွန်ဆွဲ ပြိုင်ပွဲ ပထမနေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် […]

ပြည်နယ်/တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

Loading

ပြည်နယ်/တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၅) နှစ်အောက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးက လူငယ်လူရွယ်များ အားကစားကို လေ့ကျင့်လိုက်စားကြစေရန်၊ အချင်းချင်း ရင်းနှီးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ Myanmar Fitness Dance ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး […]

ပြည်နယ်/တိုင်းဒေသကြီး ဒီဇင်ဘာလ(ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

Loading

ပြည်နယ်/တိုင်းဒေသကြီး ဒီဇင်ဘာလ(ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ကရင်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံး ပါဝင်သည့် ကိုယ် လက်လှုပ်ရှားအားကစားကို နေ့စဉ် ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)နှင့် အခြေခံပညာကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်တို့မှစုပေါင်း ပါဝင်ဆင်နွဲခဲ့ကြသည်။ လမ်းလျှောက်ပွဲ စုရပ်ကို မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှာ ပြုလုပ်ပြီး […]

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများ  ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများ  ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၂)ပွဲ၊(၁)ပွဲဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။ ၂၀၂၃ […]