အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ၊ ဇူလှိုင်(၁၃)ရက်။

၂၀၂၃ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (12.7.2023)ရက်နေ့ ညနေ(၃:၀၀) အချိန် ဘားအံမြို့ဇွဲကပင်အားကစားကွင်း(လှာကမြင်)၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ဘောလုံး ဆပ်ကော်မတီဝင်များနှင့်ဘောလုံးဝါသနာရှင်များ၊တက်ရောက်အားပေးခဲ့ကြပါသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်ဘားအံမြို့နယ် အသင်းနှင့် ကော့ကရိတ်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ကော့ကရိတ်မြို့နယ်အသင်းအား ၃ဂိုး၂ဂိုး ဖြင့် ဘားအံမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းနားကိုဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၏ဇနီး မှလည်းကောင်း၊

ဒိုင်လူကြီးအဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ၏ဇနီးမှလည်းကောင်း၊

ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုရရှိသောကော့ကရိတ်မြို့နယ်အသင်းမှ ကျောနံပါတ်(၁၁)နန်းမိုးပွင့်အေးချို အား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ၏ဇနီးကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ တတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်အသင်းအား တစ်ဦးလည်ဆွဲဆုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီးမှ လည်းကောင်း၊

ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းအား တစ်ဦးလည်ဆွဲဆုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှလည်းကောင်း၊

ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးလည်ဆွဲဆုများအား ကရင်ပြည်နယ်ကရင်ပြည်နယ် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အကောင်းဆုံးအားကစားသမားဆုများအားချီးမြှင့်ရာ ၊ ပွဲစဉ်တစ်လျောက်ဂိုးသမားအကောင်းဆုံးဆုကို လှိုင်းဘွဲမြို့နယ်အသင်းမှ ကျောနံပါတ်(၁) မြသီရီအေးအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးဦးခင်ဇော်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပွဲစဉ်တစ်လျောက်နောက်တန်းအကောင်းဆုံးဆုကို ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ်(၄) နန်းစနေမအားကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပွဲစဉ်တစ်လျောက်အလယ်တန်းအားကစားသမားဆုကို ကော့ကရိတ်မြို့နယ်မှ ကျောနံပါတ်(၈)နန်းသီတာထွန်းအားကရင်ပြည်နယ်အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပွဲစဉ်တစ်လျောက်ရှေ့တန်းအားကစားသမားဆုကို ကော့ကရိတ်မြို့နယ်မှ ကျောနံပါတ်(၇) ခိုင်ဇင်မြင့် အား

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားသမားဆုကို ဘားအံမြို့နယ်မှ ကျောနံပါတ်(၉) နှင်းနှင်းလှိုင် အား

ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းနားကိုကျင်းပရာ

တတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်အသင်းအားဆုကလပ်နှင့် ငွေသားဆု (၅)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှ လည်းကောင်း၊

ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှလည်ကောင်း

ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးအခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။