မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း ရန်ကုန် ၊ နို၀င်ဘာ ၃၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင်နာယက ဦးစိုးတင့်ကခြင်းလုံးနှင့်ပတ်သက်၍သိကောင်းစရာများ၊ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဌဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲတော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအားတင်ပြ၍လည်းကောင်း ၊ ဒုတိယဥက္ကဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း ၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။ အဆိုပါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဌဦးသက်လွင်၊ဒုတိယဥက္ကဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး ၊ […]
အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ

အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ နိုဝင်ဘာ ၂၄ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပမည့် အရှေ့နှင့်အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ( OCA Development Programmer For Coach and Referees – East Asia and Southeast Asia )သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ ဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း ၈ ဦးတို့သည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က လေယာဉ်ခရီးစဉ်အမှတ် 8M 501 ဖြင့် […]
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂၀ ရက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လူငယ်အားကစားသမားအား ကျန်းမာရေးနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀.၁၁.၂၀၂၄ ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြိုင်ပွဲဝင်အားကစားသမား(၃၅၂)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတတိုးတက်စေရန်အတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ […]
ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာလ(၁၂)ရက်။ မော်ဒိုက်နိုင်ငံ၊ Addu City ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကျင်းပသည့် (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(15th World Bodybuilding & Physique Sport Championship) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ခေါင်းဆောင်၍ အားကစားသမား ရဲထွန်းနောင်ပါဝင်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင် ဦးအောင်နိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှုး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်သည် ယင်းပြိုင်ပွဲ၏ အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ […]
အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမနှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်တရားလွှတ်တော် […]
(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်းနောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်းနောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၀ရက် မော်ဒိုက်နိုင်ငံ ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၁ရက်အထိ ကျင်းပနေသော (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (15th World Bodybuilding Physique Sport Championships )ပြိုင်ပွဲကို နို၀င်ဘာ ၉ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင် ပထမ(ရွှေတံဆိပ်)ဆုရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ၇၅ ကီလိုတန်းမှ နိုင်ငံပေါင်း (၆)နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမြန်မာနိုင်ငံ မှ ရဲထွန်းနောင်က ပထမ(ရွှေတံဆိပ်) ၊ ဗီယက်နမ်နိုင်ငံ မှ ဒုတိယ(ငွေတံဆိပ်) နှင့် အိန္ဒိယနိုင်ငံမှ တတိယ(ကြေးတံဆိပ်)ဆုတို့ ရရှိခဲ့သည်။ ရဲထွန်းနောင်သည် ၇၅ ကီလိုတန်းတွင် […]
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile application သင်တန်းသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ နေပြည်တော်၊ နိုဝင်ဘာ ၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့(ICT)မှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ Data Collection Team (DCT) အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်မှ ဘောလုံးတာဝန်ခံများနှင့် ဖူဆယ်တာဝန်ခံ ကိုယ်စားလှယ်များကို ၎င်း Website နှင့် […]
ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နို၀င်ဘာ ၄ရက်။ အောက်တိုဘာလ၂၄ရက်နေ့မှ ၊ နို၀င်ဘာလ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့ နှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့သည် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာသည်။ အဆိုပါ မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရလှေလှော်အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးသောင်းထိုက်မင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ စုစုပေါင်း ၂၃ ဦးတို့ကိုရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် […]