၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံ ဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိသတ်အင်အား(၉၀၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် […]
အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ ရန်ကုန် ၊ ဇူလိုင်လ( ၅)ရက်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ဇူလိုင် ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲသို့ ၀င်ရောက်ယှဥ်ပြိုင်ရန်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များသည် ယနေ့နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများပို့ဆောင်နှုတ်ကြသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် ၊ အုပ်ချုပ် ၊ နည်းပြနှင့်လူငယ်လက်ရွေးစင်ကစားသမားအမျိုးသားခြောက်ဦး ၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၇ဦးတို့၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လူငယ်လက်ရွေးစင်ကစားသမားများသည်U-15 ၊ U-17 ၊ U-23 တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအိမ်ရှင်ကမ္ဘာဒီးယား၊ မြန်မာ၊ လာအို၊ […]
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၃၀)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်အတွင်းပိုက်ကျော်ခြင်းအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားအဆင့်အတန်းအစဥ်အမြဲတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၃၀.၆.၂၀၂၅ရက်နေ့ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသား/သင်တန်းသူများ၊ ပညာရေးဒီဂရီကောလိပ်မှသင်တန်းသား/သင်တန်းသူများနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ် […]
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၃၀)ရက်။ မြန်မာအမျိုးသမီးလူငယ်အားကစားသမားများပေါ်ထွက်လာစေရန်နဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေဖို့ပဲဖြစ်ပါကြောင်း ၊ ကျန်းမာကြံ့ခိုင်သောအမျိုးသမီးများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီတို့မှ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး နှင့်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဇွန်လ (၂၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို (၂၁-၆-၂၀၂၅) ရက်နေ့၊ (၂၂-၆-၂၀၂၅) ရက်နေ့များတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း (၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို အသက်(၁၀)နှစ်မှ (၁၆)နှစ် အတွင်း မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဗန်တိုအတိုက် ကျား(၅)တန်း၊ မ(၄)တန်း၊ တစ်ကိုယ်တော်စွမ်းရည်ပြ (လက်/ဓါး ၁)နှင့် အခြေခံဗန်တို (၆၃) ကျား/မ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ရွှေ(၁၅)၊ ငွေ(၁၅)၊ […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဟော်ကီ၊ နပန်း၊ E.Sports အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဟော်ကီ၊ နပန်း၊ E.Sports အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၃)ရက်။ ၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ SORBONNE တက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့်ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟုသတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် […]
၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၂၃ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( SSYEA )တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ အခမ်းအနားအား (၂၃.၆.၂၀၂၅)ရက်နေ့ နံနက် (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ကျောက်တိုင်အားကစားကွင်းမှ နေ၍စုရုံးတာလွှတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ အခမှးအနားတှငှ ရှမှးပှညနှယအှစိုးရအဖှဲ့ ပှညနှယစှီးပှားရေးရာဝနကှှီး ဦးခှနသှိနှးမောငနှှင့ှ ပှညနှယလှူမှုရေးရာဝနကှှီး ဦးမငှးမငှးလှငှ တို့ကသနတပှဈေဖောကတှာလှှတပှေးခဲ့ကာ ပှညနှယတှိုငှးရငှးသားရေးရာဝနကှှီး ဦးအောငကှှညဝှငှး၊ ပှညနှယှဥပဒခှေုပှ ဦးစိုငှးကှောဇှံ၊ ပှညနှယအှတှငှးရေးမှူး ဦးသနှးဆှဝငှေး၊ အားကစားနှင့လှူငယရှေးရာဝနကှှီးဌာန၊ ပှညနှယအှားကစားနှင့ကှာယပညာဦးစီးဌာန ညှှနကှှားရေးမှူး ဦးကှောကှှောသှိနှး၊ တောငကှှီးခရိုငစှီမံအုပခှှုပရှေးအဖှဲ့ ဥကကွဌ ဦးတင့လှှိုငှ၊ ပှညနှယအှားကစားနှင့ကှာယပညာဦးစီးဌာန ဒုတိယညှှနကှှားရေးမှူး […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကျင်းပ ရန်ကုန်၊ ဇွန်လ(၂၁)ရက်။ ၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့ မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ ၊ SORBONNEတက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့် ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ […]
မြန်မာ့လက်ရွေးစင်ပဏာမ (က)-(ခ)အသင်းတို့နှင့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ညွန့်ပေါင်းလက်ရွေးစင် (က)-(ခ) အသင်းတို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြန်မာ့လက်ရွေးစင်ပဏာမ (က)-(ခ)အသင်းတို့နှင့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ညွန့်ပေါင်းလက်ရွေးစင် (က)-(ခ) အသင်းတို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာဘော်လီဘောအသင်းအောင်မြင်စွာပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့လက်ရွေးစင်ပဏာမ (က)-(ခ)အသင်းတို့နှင့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ညွန့်ပေါင်းလက်ရွေးစင် (က)-(ခ) အသင်းတို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် […]
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန်လ ၁၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်လာစေရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးကို အလေးထားဆောင်ရွက်ကာ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၁၂-၆-၂၀၂၅ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်အဖြစ်လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ရာ အဆိုပါအခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့်ကာယာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ […]