![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ ၁၂ ဖွဲ့ မှ အုပ်ချုပ်/နည်းပြအားကစားသမားများနှင့်အတူ အုပ်ချုပ်မှုအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များအားလိုက်လံအားပေးရန်ညွန်ကြားရေးမှူး ဦးအောင်သူနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်(၉)ဦး၊မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်း၊တိုက်ကွမ်ဒိုအားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၂၁ ဦး၊ လက်ဝှေ့အားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၂ ဦး၊ ဖူဆယ်(ကျား) အားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၂၃ ဦး၊ ရေကူးအားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၅ ဦး၊ ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၂ ဦး၊ Kabaddi အားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၂၀ ဦး ၊ ဘတ်စကက်ဘော အားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၇ ဦး၊ ဘော်လီဘောအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၅ ဦး၊ ပီတန်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၈ ဦး၊ ကျွမ်းဘားအားကစား အဖွဲ့မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၄ ဦး၊ ဂေါက်သီးအားကစားအဖွဲ့ မှ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၆ ဦး စုစုပေါင်းအင်အား (၁၄၉)ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ အသီးသီးထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


