အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့သည် ယနေ့ နံနက် ၀၇: ၂၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နှင့်ချောင်ဘူရီမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါမြန်မာအားကစားအဖွဲ့တွင် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄) ဦး၊ အမျိုးသား အားကစားသမား (၈) ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦး၊ ဂျူဂျစ်စု အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၄)ဦး၊ အမျိုးသား အားကစားသမား (၅) ဦး၊ အမျိုးသမီး အားကစားသမား (၁)ဦး၊ ဖူဆယ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၉)ဦး၊ အမျိုးသမီးအားကစားသမား(၁၄)ဦး စုစုပေါင်း (၅၄) ဦးတို့သည် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့လည်းကောင်း၊ ရွက်လှေ အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၂)ဦး၊ အမျိုးသား အားကစားသမား (၃) ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦး စုစုပေါင်း (၆)ဦးတို့သည် ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့သို့လည်းကောင်း အသီးသီးလိုက်ပါသွားကြောင်းသိရသည်။