ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ
![]()
ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၅။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ(၁၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် ဘင်းမ်စတက်လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots)ပြိုင်ပွဲသို့ အလွတ်ကူးမီတာ၅၀၊ အလွတ်ကူး မီတာ၁၀၀၊ လိပ်ပြာကူး မီတာ၅၀၊ ပလက်ကူး မီတာ၅၀၊ ရင်ဘောင်တန်းကူး မီတာ၅၀၊ Mix Relay 100×4 အလွတ်ကူးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိင်ငံရေကူးအဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်၊ နည်းပြ ဦးသီဟအောင်နှင့်အားကစားသမား(၇)ဦး၊ စုစုပေါင်း(၉)ဦးတို့သည် ယနေ့နံနက် ၈နာရီ၁၅မိနစ် အချိန်ကလေယာဉ်ပျံအမှတ် 8M620 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနယူးဒေလီမြို့သို့ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးစန်းဝင်းဇော်နှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ
![]()
ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ ရန်ကုန်၊ ဖေဖေါ်ဝါရီလ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ရုံးဟောင်း၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဒိုင်/နည်းပြဆရာများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆန်းဆိုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ထောက်လုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များအားပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌကိုယ်စား မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်မှ ညွှန်ကြားရေးမှူးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ […]
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
![]()
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5) အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (3×3) တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၁)မှတ်၊ (၄၈)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ်(၆၅)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ်(၇၈)မှတ်၊ (၅၄)မှတ်ဖြင့်လည်းကောင်း၊ မကွေး […]
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပဲခူး၊ ဇန်နဝါရီလ(၃၀)ရက်။ တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ (၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများက ပဲခူးခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဥ်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ နတ်တလင်းခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပွဲစဥ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် အကောင်းဆုံးအားကစာသမားဆု ရရှိသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့်တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၃၀)။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) (5×5) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် (၅၉)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၆)မှတ်၊ (၂၂)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ် အသင်းကို ရမှတ်(၈၃)မှတ်၊ (၃၃)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၀)မှတ်၊ (၇၉)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) […]
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်
![]()
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက် ဇမ္ဗူသီရိ ဇန်နဝါရီလ(၃၀)ရက်။ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံကကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထားဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား နိုင်ငံကိုချစ်သည့်စိတ် ၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို […]
အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
![]()
အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ် မော်လမြိုင်၊ဇန်နဝါရီလ (၂၆) ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) အုပ်ချုပ်မှုရုံးစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-8၊Grade-9၊ Grade-10၊ Grade-11 တွင် ကျောင်းတွင်းဆုရရှိသူများ၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို အခမ်းအနားသို့ တက်ရောက်လာသူများမှ […]
ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကျင်းပ
![]()
ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ ရုံးဟောင်း၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်/နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူတို့က တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား(၁၉)ဦး၊ သင်တန်းသူ(၅)ဦး စုစုပေါင်း(၂၄)ဦး၊ တက်ရောက်၍ သင်တန်းဆင်းပွဲအား ဖေဖေါ်ဝါရီလ(၁)ရက်နေ့၊ နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၉)။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5)ပြိုင်ပွဲနှင့် (3×3)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၃၀)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) (5×5)ပြိုင်ပွဲ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၈)။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၃)မှတ်၊ (၁၈)မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၄၄)မှတ်၊ (၃၈)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၅)မှတ်၊ (၆၉)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ်(၆၀)မှတ်၊ (၁၅)မှတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၇၀)မှတ်၊ (၂၇)မှတ်ဖြင့်လည်းကောင်း၊ […]