အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

မော်လမြိုင်၊ဇန်နဝါရီလ (၂၆) ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) အုပ်ချုပ်မှုရုံးစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-8၊Grade-9၊ Grade-10၊ Grade-11 တွင် ကျောင်းတွင်းဆုရရှိသူများ၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို အခမ်းအနားသို့ တက်ရောက်လာသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၁၁၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ ကမ္ဘာ့အဆင့်မီပညာရည်သီချင်း၊ ဘွန္တော၊ Hand Clap၊ မျှော်လင့်နေတုန်းပျို့ဖုန်းလှမ်းခဲ့ပါ၊ ဥပကနှင့်မစာဝါ၊ဦးရွှေရိုး၊ ဒေါ်မိုး၊ သျှောင်ပေစူးအကများနှင့် ခရီးဖော်တို့ လမ်းခွဲချိန်၊ မြတ်ဆရာသီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြပါသည်။အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ကော်ဖီနှင့် ဘဲသားမုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။