ဘင်းမ်စတက် လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots) ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ
ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၅။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ(၁၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် ဘင်းမ်စတက်လူငယ်ရေကူးအားကစား (BIMSTEC Youth Water Spots)ပြိုင်ပွဲသို့ အလွတ်ကူးမီတာ၅၀၊ အလွတ်ကူး မီတာ၁၀၀၊ လိပ်ပြာကူး မီတာ၅၀၊ ပလက်ကူး မီတာ၅၀၊ ရင်ဘောင်တန်းကူး မီတာ၅၀၊ Mix Relay 100×4 အလွတ်ကူးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိင်ငံရေကူးအဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးချိုမောင်၊ နည်းပြ ဦးသီဟအောင်နှင့်အားကစားသမား(၇)ဦး၊ စုစုပေါင်း(၉)ဦးတို့သည် ယနေ့နံနက် ၈နာရီ၁၅မိနစ် အချိန်ကလေယာဉ်ပျံအမှတ် 8M620 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှနယူးဒေလီမြို့သို့ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးစန်းဝင်းဇော်နှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။


