အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ ရုံးဟောင်း၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်/နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူတို့က တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား(၁၉)ဦး၊ သင်တန်းသူ(၅)ဦး စုစုပေါင်း(၂၄)ဦး၊ တက်ရောက်၍ သင်တန်းဆင်းပွဲအား ဖေဖေါ်ဝါရီလ(၁)ရက်နေ့၊ နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။