၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ
![]()
၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ နေပြည်တော်၊ အောက်တိုဘာ ၆ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ (ISPE)အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ (၃)ဦးနှင့် အားကစားသမား (၁၇)ဦး၊ စုစုပေါင်းအင်အား (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၃ နိုင်ငံ ဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်ရလဒ်များအဖြစ်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ (ISPE) အသင်းသည် တရုတ်(ဟူလန်း)အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ (၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ စီမံကိန်းနှင့် သုတေသန ဌာနခွဲ မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက် နှင့်စနူကာ အဖွဲ့ချုပ်မှ အမှုဆောင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ များနှင့် နည်းပြများ တက်ရောက်ကြသည်။ […]
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား
![]()
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား ရန်ကုန် ၊ စက်တင်ဘာလ ၂၆ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ ISPE FC အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံမှာကြားရာတွင် အောင်မြင်မှုအခြေခံ စိတ်ဓာတ် ၊ စည်းကမ်း ၊ စွမ်းအား ၊ စည်းလုံးမှု ၊ စံချိန် ၊ စံညွှန်း ၊ စံနှုန်း “ စ” ခုနှစ်လုံးဆောင်ရန် ကိုလည်းကောင်း ၊ မိမိတို့အသင်းသည် တစ်ဦး […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ စက်တင်ဘာလ (၁၇)ရက် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေ (၁၅ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစား သမားများတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲယှဉ်ပြိုင်ကစား နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုများပေးအပ်ချီးမြှင့်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်+ ပြည့်ရတီဦး(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ ၁၆ ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦး နှင့်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးတောက်ထွန်း၊ ဒေါက်တာမြတ်သူရစိုး၊ ဦးကျော်ဌေး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်အမှုဆောင်များတက်ရောက်ကြပါသည်။ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းနှင့် ဗိုလ်လုပြိုင်ပွဲများအား ယှဉ်ပြိုင်ပြီးနောက် ဆုပေးပွဲအခမ်းအနားကို […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာလ ၁၅ ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲကို ယနေ့နံနက်(၀၈: ၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးတောက်ထွန်းနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ကြပါသည်။ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ရည်ရွယ်၍လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ၌ အမျိုးသား/အမျိုးသမီး (Compound / Recurve)အစမ်းလေ့ကျင့်ပစ်ခတ်ခြင်း၊ အမျိုးသား/အမျိုးသမီး (Compound / Recurve) […]
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ ၉ ရက် ပြည်နယ်အတွင်း အမျိုးသမီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်များနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ နှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးဆွေးနွေးပွဲ ကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးဆွေးနွေးပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၀ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများအား ဆေးပညာအသိပညာပေးဟောပြောမှုများနှင့် အားကစားသမားများ၏ စိတ်အခြေအနေများကို စစ်ဆေးပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ် တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အားကစားစိတ်ပညာရှင် ဦးပြည်စိုးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်နေသည့် ဂျူဒို၊ ပီတန်း၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့အားကစားနည်းများမှ ပဏာမ လက်ရွေးစင်အားကစားသမားအား […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊စက်တင်ဘာလ(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တင်းနစ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တင်းနစ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု […]
၂၀၂၅ခုနှစ်၊ ပထမအကြိမ် ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဌဖလား အမျိုးသားရှုံးထွက်အဆင့်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၅ခုနှစ် ၊ ပထမအကြိမ် ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဌဖလား အမျိုးသားရှုံးထွက်အဆင့်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ စက်တင်ဘာလ ၈ ရက် မှနမွာ့ဘောလွီဘောအားကစားအဆင့အွတနွးပိုမိုတိုးတကမွှင့မွားလာစရေေး ၊ ရှမွးပှညနွယအွားကစားအဆင့အွတနွးတိုးတကမွှင့မွားစရေေးနှင့ွ မှိုးဆကသွဈဘောလွီဘောအားကစားသမားမှားပေါထွှကလွာစရေေးတို့ကိုရညရွှယကွာ ပှညနွယအွားကစားနှင့ကွာယပညာဦးစီးဌာနနှင့ွ ပှညနွယဘွောလွီဘောဆပကွောမွတီတို့ပူးပေါငွးကငွှးပပှုလုပသွော ၂၀၂၅ခုနှဈ ၊ ပထမအကှိမွ ရှမွးပှညနွယဘွောလွီဘောဆပကွောမွတီဥကကြဌဖလား အမှိုးသားရှုံးထှကအွဆင့ဘွောလွီဘောပှိုငပွှဲ ဗိုလလွုပှဲနှင့ဆွုခှီးမှှင့ခွှငွးအခမွးအနားကွို ၇.၉.၂၀၂၅ရကနွေ့ ညနေ(၁၅း၀၀)နာရီအခှိနတွှငွ တောငကွှီးမှို့၊ပှညနွယလွေ့ကငှ့ရွေးအားကစားရုံ၌ ကငွှးပပှုလုပခွဲ့ပါသညွ။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် ဘော်လီဘောအားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ညနေ(၁၅း၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်များအား ကြည့်ရှုအားပေးခဲ့ကာ ဆုရရှိသောအားကစားသမားများအား […]