အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမနှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ

Loading

အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်တရားလွှတ်တော် […]

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ

Loading

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၀ရက် မော်ဒိုက်နိုင်ငံ ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၁ရက်အထိ ကျင်းပ‌‌နေသော (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (15th World Bodybuilding Physique Sport Championships )ပြိုင်ပွဲကို နို၀င်ဘာ ၉ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင် ပထမ‌(ရွှေတံဆိပ်)ဆုရရှိခဲ့‌သည်။ အဆိုပါပြိုင်ပွဲတွင် ၇၅ ကီလိုတန်းမှ နိုင်ငံ‌ပေါင်း (၆)နိုင်ငံ ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့ရာမြန်မာနိုင်ငံ မှ ရဲထွန်း‌နောင်က ပထမ(ရွှေတံဆိပ်) ၊ ဗီယက်နမ်နိုင်ငံ မှ ဒုတိယ(ငွေတံဆိပ်) နှင့် အိန္ဒိယနိုင်ငံမှ တတိယ(ကြေးတံဆိပ်)ဆုတို့ ရရှိခဲ့သည်။ ရဲထွန်း‌နောင်သည် ၇၅ ကီလိုတန်းတွင် […]

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile application သင်တန်းသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ နေပြည်တော်၊ နိုဝင်ဘာ ၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့(ICT)မှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ Data Collection Team (DCT) အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်မှ ဘောလုံးတာဝန်ခံများနှင့် ဖူဆယ်တာဝန်ခံ ကိုယ်စားလှယ်များကို ၎င်း Website နှင့် […]

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာလှေလှော်အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နို၀င်ဘာ ၄ရက်။ အောက်တိုဘာလ၂၄ရက်နေ့မှ ၊ နို၀င်ဘာလ ၃ ရက်‌နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့ နှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တို့တွင်‌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့သည် ရွှေ‌တံဆိပ်‌ ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့ပြီး ယ‌နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်‌ ရောက်ရှိလာသည်။ အဆိုပါ မြန်မာနိုင်ငံကိုယ်စားပြု‌ အောင်ပွဲရလှေလှော်အားကစားအဖွဲ့တွင် အဖွဲ့‌ခေါင်းဆောင် မြန်မာနိုင်ငံ‌လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌဦး‌သောင်းထိုက်မင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ စုစုပေါင်း ၂၃ ဦးတို့ကိုရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်း‌ဒေသကြီးလူမှု‌ရေးရာ၀န်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် […]

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင်မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ ရန်ကုန် ၊ နို၀င်ဘာ ၃ ၂၀၂၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက် ဖိလစ်ပိုင်သမ္မတ နိုင်ငံ၊ Puerto Princesa မြို့တွင် နို၀င်ဘာလ ၂ရက်‌နေ့နှင့် ၃ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင် မြန်မာလှေလှော်အားကစားအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ အမျိုးသား+ အမျိုး သမီး မီတာ၂၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲကို နို၀င်ဘာ၂ရက်‌နေ့က မြန်မာ၊အင်ဒိုနီးရှား၊တရုတ်(တိုင်ပေ)၊စပိန်၊ဖိလစ်ပိုင်၊ဟန်ဂေရီအသင်းတို့ယှဥ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းကပထမ(ရွှေတံဆိပ်)၊မြန်မာအသင်းကဒုတိယ(ငွေတံဆိပ်)၊တရုတ်(တိုင်ပေ)အသင်းကတတိယ(ကြေးတံဆိပ်)ရရှိခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာလ ၃ ရက်နေ့က အမျိုးသား+ […]

ရခိုင်ပြည်နယ်အားကစားအုပ်ချုပ်မှုအဖွဲ့ဝင်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

ရခိုင်ပြည်နယ်အားကစားအုပ်ချုပ်မှုအဖွဲ့ဝင်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ အောက်တိုဘာ ၃၁ ။ ပဉ္မမအကြိမ်အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော ရခိုင်ပြည်နယ်အားကစားအုပ်ချုပ်မှုအဖွဲ့ဝင် (၇)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှု များပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်မှုပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ

Loading

လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်မှုပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ န်ကုန် ၊ အောက်တိုဘာ၂၈ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နန်နင်းမြို့တွင်အောက်တိုဘာ၂၃ရက်မှ၂၇ရက်နေ့အထိ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတရုတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိခဲ့‌သည်။ မြန်မာပိုက်‌ကျော်ခြင်းအားကစားအဖွဲ့တွင် အဖွဲ့‌ခေါင်းဆောင် ဦးစိုင်း‌ဇော်ထွန်းလင်း ၊ နည်းပြများ ၊ အုပ်ချုပ်သူများ ၊ ဒိုင်များနှင့် အားကစားသမားများသည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်‌ရောက်ရှိလာရာမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်မြတ်နှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ လာအိုအသင်း နှင့်ဗီယက်နမ်(B)အသင်းတို့ကပူးတွဲတတိယဖြင့်လည်း‌ကောင်း ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းကပထမ ၊ မြန်မာအသင်းက ဒုတိယ ၊ တရုတ်အသင်းနှင့် ဗီယက်နမ်(B)အသင်းတို့က ပူးတွဲတတိယ ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းကပထမ၊ […]

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ ရန်ကုန် ၊အောက်တိုဘာ ၂၇ရက်။ ၂၀၂၄ခုနှစ်၊အောက်တိုဘာလ ၂၄ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ် ၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိရရှိထား‌ကြောင်းသိရှိရသည်။ အောက်တိုဘာ၂၅ ရက်နေ့၊ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်‌လှော် […]