၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများ စတင်ကျင်းပ
![]()
၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများ စတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း(၄)၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို (၂၁)မှတ်၊(၁၄)မှတ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို (၄၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃၁)မှတ်၊ (၁၇)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၂၈)မှတ်၊ (၂၂)မှတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၀)မှတ်၊ […]
၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါဝင်ဆင်နွှဲ
![]()
၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဒီဇင်ဘာ(၂၀) ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် ဒုတိယမြို့တော်ဝန်၊နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပျဉ်းမနားခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူလူထုနှင့်ကျောင်းသားလူငယ်များ စုစုပေါင်းအင်အား ၈၅၀ ကျော် ပါဝင်ဆင်နွှဲကြသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ပေါင်းလောင်း အားကစားကွင်းရှေ့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၃)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ရွက်လှေအားကစားအဖွဲ့နှင့်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့များပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု ၊ကြေးတံဆိပ်(၃)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ရွက်လှေအားကစားအဖွဲ့နှင့်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့များပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား( ၄)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသောဇင်မင်းဦး၊အောင်မျိုးကျော်၊သန့်ဇင်ထွန်း၊ဇော်မင်းခန့်၊ရှိန်းဝဏ္ဏဇော်၊ရန်ပိုင်ဦးအတွဲ၊အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောဖြူဖြူသန်း၊ဖူးဖူး၊နေခြည်နွေး၊ယမုံဇင်၊ခင်နှင်းဝေ၊ချယ်ရီလင်းသစ်အတွဲ၊အမျိုးသား/အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသောရှိန်းဝဏ္ဏဇော်၊ဇင်မင်းဦး၊ဇော်မင်းခန့်၊ဖြူဖြူသန်း၊ဖူးဖူး၊နှင်းနှင်းဝေအတွဲ၊ရွက်လှေအားကစားနည်းမှအမျိုးသားBoy’s ILCA4ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောခွန်ထွန်းဦးတို့နှင့်အတူပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာသင်တန်းတွင် ပါဝင်ဆွေးနွေး
![]()
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာသင်တန်းတွင် ပါဝင်ဆွေးနွေး ပဲခူး၊ ဒီဇင်ဘာ ၁၇ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်အနား ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာ စကားပြော၍ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူကျော် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ သင်တန်းတက်ရောက်သူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။ သင်တန်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ရေးရာမူဝါဒပါ လူငယ်ကဏ္ဍ(၁၆)ရပ်အား ရှင်းလင်းတင်ပြဆွေးနွေးပြီး သံယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးကဏ္ဍသည် လူငယ်များအတွက် အရေးပါကြောင်း ၎င်းကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၃) ရပ် ဆောင်ရွက်ချက် (၁၂) […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်၊ လမ်းလျှောက်ပြိုင်ပွဲ၊ ကရာတေး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့များနှင့် အုပ်ချုပ်မှုအဖွဲ့များ ပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်၊ လမ်းလျှောက်ပြိုင်ပွဲ၊ ကရာတေး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့များနှင့် အုပ်ချုပ်မှုအဖွဲ့များ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ် အားကစားနည်းမှ အမျိုးသား(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင်ဒုတိယငွေတံဆိပ်ဆုရ နိုင်လင်းထွန်း၊ အမျိုးသမီး(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဇင်မေထက် ၊ ကရာတေး အားကစားနည်းမှ အမျိုးသမီး(-50Kg) Kumite ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဖလောရင့်နေခြည်ထွန်း၊ အမျိုးသမီး(-61Kg) Kumite ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သင်ဇာယွန်း၊ ဂျူဒိုအားကစားနည်းမှ အမျိုးသမီး(-78Kg) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ အေးအေးအောင် […]
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ခြင်းလုံးအားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲနှင့် ပျဉ်းမနားမြို့နယ် ဘောဂဝတီ နေပြည်တော်ခြင်းလုံးရုံတွင် ခြင်းလုံးပြိုင်ပွဲအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက နေပြည်တော် ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး တက်ရာက်ကြည့်ရှု အားပေးခြင်းအခမ်းအနား
![]()
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ခြင်းလုံးအားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲနှင့် ပျဉ်းမနားမြို့နယ် ဘောဂဝတီ နေပြည်တော်ခြင်းလုံးရုံတွင် ခြင်းလုံးပြိုင်ပွဲအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက နေပြည်တော် ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး တက်ရာက်ကြည့်ရှု အားပေးခြင်းအခမ်းအနား နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ၃၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ခြင်းလုံးအားကစားသမားများအား နေပြည်တော်မြို့အဝင် မှစတင်၍ သောင်းသောင်းဖျဖျကြိုဆိုခဲ့ခြင်းနှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်(Lake View)ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၃၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်မှ ခြင်းလုံးအားကစားသမားများအား နေပြည်တော်မြို့အဝင် မှစတင်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ဘိလိယက်၊ တိုက်ကွမ်ဒိုနှင့် အလေးမအားကစားအဖွဲ့များပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ဘိလိယက်၊ တိုက်ကွမ်ဒိုနှင့် အလေးမအားကစားအဖွဲ့များပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၄ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘိလိယက် အားကစားနည်းမှအမျိုးသား Snooker 6 Red Singles(စနူကာအနီ ၆ လုံးတစ်ဦးချင်း) ပြိုင်ပွဲတွင်တတိယ ကြေးတံဆိပ်ဆုရ နေမင်းထွန်း ၊ အမျိုးသားSnooker Team (စနူကာအနီ ၁၅ လုံးအသင်းလိုက်) ပြိုင်ပွဲတွင်တတိယ ကြေးတံဆိပ်ဆုရ ကျော်ဝေယံစိုး ၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အမျိုးသမီး -57kg ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရရှိသော မိုးမြင့်မြတ် ၊ အမျိုးသမီး -62kg ပြိုင်ပွဲတွင် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင်အားကစားအဖွဲ့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင်အားကစားအဖွဲ့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယနေ့နံနက် (၀၆ :၀၀)နာရီ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုရရှိခဲ့သည့် ကနူး/ကယက်အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့ ပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုရရှိခဲ့သည့် ကနူး/ကယက်အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၂ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကနူး/ကယက်အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့သည် ယနေ့ည (၆ : ၃၅)နာရီအချိန်တွင် လေယာဉ်အမှတ်8M 363 အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက လာရောက် ဂုဏ်ပြု ကြိုဆိုကြသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာကနူး/ကယက် အားကစားအဖွဲ့တွင် အမျိုးသမီး ကယက်တစ်ယောက်လှော် ကြေးတံဆိပ်ဆုရှင် ပိုပိုအောင်နှင့်အတူ နည်းပြ၊ […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် ဘော်လီဘော(ကျား)၊ Kickboxing ၊ ဘတ်စကက်ဘော၊ မြားပစ်၊ အလေးမ၊ E-sports ၊ မွေ၊ ဝူရှူး၊ ပန်ကြပ်ဆီလပ် အားကစားအဖွဲ့များထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် ဘော်လီဘော(ကျား)၊ Kickboxing ၊ ဘတ်စကက်ဘော၊ မြားပစ်၊ အလေးမ၊ E-sports ၊ မွေ၊ ဝူရှူး ၊ ပန်ကြပ်ဆီလပ် အားကစားအဖွဲ့များထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘော်လီဘောအားကစားအဖွဲ့ မှ ဦးတင့်ဝေ (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား၁၅ ဦး၊ Kickboxing အားကစားအဖွဲ့ မှ ဦးဝဏ္ဏ (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၁ ဦး […]