![]()
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ၊ရန်ကုန်တိုင်းဒေသကြီးအသင်း စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ
ရန်ကုန် ၊ စက်တင်ဘာ ၁၇
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိပုဂ္ဂိုလ် များ ၊ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထား သည့်ဧည့်သည်တော်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဆုရအားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီးအပြပြိုင်ပွဲ ပွဲစဉ်များကို လည်းကောင်း၊ အမျိုးသားအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀၊ ၅၅-၆၀ ၆၀-၆၅ ၊ ၆၅-၇၀၊) ကီလိုတန်းပြိုင်ပွဲများကိုလည်းကောင်း၊ အမျိုးသမီးအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀၊ ၅၀-၅၅၊ ၅၅-၆၀၊ ၆၀-၆၅)ကီလိုတန်းပြိုင်ပွဲ များကို အသီးသီးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင်ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာအမျိုးသား တစ်ကိုယ်တော် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ လရောင်လင်း၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) ဇင်မျိုးမင်း၊ တတိယဆုရရှိသည့် (ကချင်ပြည်နယ်) ကျော်ဆန်းလင်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က လည်းကောင်း၊ အမျိုးသမီး တစ်ကိုယ်တော်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ မေသက်မှူး၊ ဒုတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီး) ဆွေဇင်စု၊ တတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) ဝင်းဝင်းခိုင်တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်က လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ အမျိုးသားအသင်းလိုက်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်း ဒေသကြီး)မှ စွမ်းပြည့်ဦး၊ ကျော်မင်းခန့်၊ ဖြိုးမင်းထွေး၊ ဒုတိယဆုရရှိသည့် (ရှမ်းပြည်နယ်) မှ ဟိန်းရန်ထွန်း၊ ထက်အာကာလင်း၊ စောစေဂေး၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး)မှ ကြယ်စင်မိုး၊ ဘုန်းပြည့်စုံ၊ ဟိန်းထွန်းဇော်တို့ကို လည်းကောင်း၊ အမျိုးသား(၅၅-၆၀)ကီလို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ ဝေယံကျော်၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး)မှ မင်းခန့်သူ၊ တတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ ဟန်လင်းထွေး၊ ပူးတွဲတတိယဆုရရှိသည့် (ရခိုင်ပြည်နယ်)မှ ငြိမ်းချမ်းအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေး ဝန်ကြီး ဦးနေလင်းထွန်း က တစ်ဦးချင်း ဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမျိုးသမီး(၅၅-၆၀)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ကချင်ပြည်နယ်)မှ သီတာအောင်၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ ခိုင်သဇင်မော်၊ တတိယဆုရရှိသည့် (ပြည်ထောင်စုနယ်မြေ နေပြည်တော်)မှ စန်းသူဇာဝေ၊ ပူးတွဲတတိယဆုရရှိသည့် (ကရင်ပြည်နယ်)မှ နန်းသဉ္ဇာမိုး တို့နှင့် အမျိုးသား (၆၅-၇၀)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ နေထူးပိုင်၊ ဒုတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ စိုင်းဝေယံဖြိုး၊ တတိယဆုရရှိသည့် (ဧရာဝတီတိုင်း ဒေသကြီး)မှ ဇွဲမာန်၊ ပူးတွဲတတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး)မှ ဟိန်းထွဋ်အောင် တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး က တစ်ဦးချင်းဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အမျိုးသား(၆၀-၆၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ ထက်မြက်နိုင်၊ ဒုတိယဆုရရှိသည့် (ကရင်ပြည်နယ်)မှ သိန်းဇော်ဦး၊ တတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ ညီဇေယျာမင်း၊ ပူးတွဲတတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး)မှ ပြည့်ဖြိုးဦး တို့ကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် ဒိုင်ချုပ် ဒေါ်နော်ရီသန်းက လည်းကောင်း၊ အမျိုးသမီး(၆၀-၆၅)ကီလိုအတိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ ဇိုးဝါးနာ၊ ဒုတိယဆုရရှိသည့် (ကချင်ပြည်နယ်)မှ ထက်မြက်မေ၊ တတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး)မှ ဖြိုးဖြိုးသက်၊ ပူးတွဲတတိယဆုရရှိသည့် (ရခိုင်ပြည်နယ်) မှ သီရိမြတ်နွယ် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးသိန်းလင်းက တစ်ဦးချင်း ဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသား(၄၅-၅၀)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်း ဒေသကြီး)မှ ဇော်မျိုးထက်၊ ဒုတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး)မှ ဟိန်းသူရလင်း၊ တတိယဆုရရှိသည့် (ရခိုင်ပြည်နယ်)မှ ငြိမ်းသန့်အောင်၊ ပူးတွဲတတိယဆုရရှိသည့် (တနင်္သာရီတိုင်း ဒေသကြီး)မှ ဖြိုးဝေအောင် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်က လည်းကောင်း၊ အမျိုးသမီး (၄၅-၅၀)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်)မှ ခင်နှင်းဖြူ၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ မြတ်ဟေမာန်ဇော်၊ တတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး)မှ အိမ့်ပြည့်ပြည့်အောင်၊ ပူးတွဲတတိယဆုရရှိသည့် (ကရင်ပြည်နယ်)မှ အေးအေးနွယ် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်ခင်လေးမွန် က တစ်ဦးချင်းဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အမျိုးသား(၅၀-၅၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်း ဒေသကြီး)မှ အောင်ပြည့်စုံနိုင်၊ ဒုတိယဆုရရှိသည့် (ကယားပြည်နယ်)မှ နေလင်းအောင်၊ တတိယဆု ရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ အောင်မြင့်မြတ်၊ ပူးတွဲတတိယဆုရရှိသည့် (ရန်ကုန်တိုင်း ဒေသကြီး)မှ ရန်ကိုကျော် တို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အလုပ်အမှုဆောင်ဦးစိန်ဝင်းကလည်းကောင်း၊ အမျိုးသမီး (၅၀-၅၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ နှင်းဦးလှိုင်၊ ဒုတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ သိမ့်သဇင်ထွေး၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်း ဒေသကြီး) မှ အိဖြိုးကျော်၊ ပူးတွဲတတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ သွင်ဇွန်ဝင်းတို့ကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်အလုပ်အမှုဆောင်ဦးကျော်သန်းက တစ်ဦးချင်း ဆုတံဆိပ်များ နှင့် ဂုဏ်ပြု ဆုကြေးငွေများ ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရွှေတံဆိပ် (၃)ခု ဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရှမ်းပြည်နယ် အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးညီညီကလည်းကောင်း၊ ရွှေတံဆိပ်(၄)ခု ကြေးတံဆိပ် (၁)ခု ဖြင့် အမျိုးသား တံခွန်စိုက်ဆု ဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီး အသင်း နှင့်ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဆုဖလားများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီး အသင်း ၁၄ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမားအင်အား ၁၇၂ ဦး ခန့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။


