![]()
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တွင် မြန်မာအသင်း ပွဲဦးထွက် ငွေတံဆိပ်ဆု ဆွတ်ခူး ရရှိ
ရန်ကုန် ၊ စက်တင်ဘာ ၂၅
တရုတ်နိုင်ငံ၊ ယွမ်လင်မြို့နှင့် ဟန်ကျိုးမြို့တို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ ပထမနေ့ ပွဲစဉ် အဖြစ် အမျိုးသား အလွတ်တန်း (၈) တက်လှော် မီတာ ၂၀၀၀ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်က ပထမ ၊ မြန်မာနိုင်ငံအသင်းက ဒုတိယ နှင့် အင်ဒိုနီးရှားနိုင်ငံ အသင်းက တတိယဆုများကို ရရှိ၍လည်းကောင်း ၊ အမျိုးသား/အမျိုးသမီး (၈) တက်လှော် (Mixed) မီတာ ၂၀၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံအသင်းက ပထမ ၊ ရုရှာနိုင်ငံကအသင်းက ဒုတိယ ၊ တရုတ်နိုင်ငံ အသင်းက တတိယနှင့် မြန်မာနိုင်ငံအသင်းက စတုတ္ထဆုများကို ရရှိခဲ့ကြသည်။
ဆက်လက်၍ အမျိုးသား အလွတ်တန်း (၁၀) တက်လှော် မီတာ ၅၀၀ ၊ အမျိုးသား အလွတ်တန်း (၈) တက်လှော် နှင့် အမျိုးသား/အမျိုးသမီး (၈) တက်လှော် (Mixed) မီတာ ၅၀၀ ပြိုင်ပွဲများတွင်( Heat ) လက်ရည်စစ် အောင်မြင်၍ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များ ၊ မီတာ၂၀၀ ပြိုင်ပွဲများမှာလည်း အလားတူ အမျိုးသားအလွတ်တန်း နှင့် အမျိုးသား/အမျိုးသမီး (Mixed) လက်ရည်စစ် ပွဲများ အောင်မြင်ခဲ့၍ ဆီမီးနှင့် ဖိုင်နယ်များဆက်လက် ယှဉ်ပြိုင်သွားမှာဖြစ်ပါ သောကြောင့် ယနေ့ ၁၀ ပွဲယှဥ်ပြီုင်ကစားခဲ့ရာ (၈ )ပွဲ မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ကျန်၂ ပွဲမှာ ဖိုင်နယ် သို့ တက်ရောက်ခဲ့၍ ဒုတိယငွေ တံဆိပ်နှင့် စတုတ္ထ ဆုများ ကို ရရှိခဲ့ကြောင်းသိရှိရသည်။

