အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက် ၂၀၂၅ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂ : ၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ […]

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Loading

ပီတန်းအားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများအား လက်ရည်စစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့ပီတန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး Shooting ပြိုင်ပွဲ တစ်ဦးချင်း (Single) ပြိုင်ပွဲ၊ Mixed Triple နှင့် Mixed Douple လက်ရည်စစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ Shooting ပြိုင်ပွဲတွင် သတ်မှတ်ရမှတ်ရရှိခဲ့သည့် ခင်ချယ်ရီသက်ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ Mixed Team ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်ပွားပါက ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်စေမည်ဖြစ်သည့်အတွက် ကျန်းမာရေးအသိပညာများ ရရှိစေရန်နှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်တစ်ခုဖြစ်ပြီး ဝန်ထမ်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ပိုမိုသိရှိနားလည်ပြီး […]

မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ‌ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းလူငယ်များအတွက် ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများ အလိုက် မသန်စွမ်း သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းသူများအနေ ဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများအတွက် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ ကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများအတွက် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၉ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံရှိ Bangkok ၊ Chonburi ၊ Songkhla မြို့များ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများ၏ လက်ရည်စမ်း(Sparring) ယှဉ်ပြိုင်သည့် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၂၉ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းနှင့် ပိုးတန်း အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ ပြည့် အားကစားကွင်းသို့ရောက်ရှိ၍ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ပုံမှန်မြက်ဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များ ရရှိရေးအတွက် တင်ပြဆောင်ရွက်သွားရန်၊ ဘောလုံးကွင်းအတွင်းရှိ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ ရုံးလုပ်ငန်း(မွမ်းမံ)အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ ရုံးလုပ်ငန်း(မွမ်းမံ)အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် “ ရုံးလုပ်ငန်း(မွမ်းမံ) အမှတ်စဉ်(၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ(Multipurpose Hall)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းသဘောတရားများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များ အလိုက် သင်ခန်းစာများကို ဂရုတစိုက် […]

ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား

Loading

ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား ရန်ကုန် ၊ စက်တင်ဘာလ ၂၆ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ ISPE FC အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံမှာကြားရာတွင် အောင်မြင်မှုအခြေခံ စိတ်ဓာတ် ၊ စည်းကမ်း ၊ စွမ်းအား ၊ စည်းလုံးမှု ၊ စံချိန် ၊ စံညွှန်း ၊ စံနှုန်း “ စ” ခုနှစ်လုံးဆောင်ရန် ကိုလည်းကောင်း ၊ မိမိတို့အသင်းသည် တစ်ဦး […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု […]

ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC )မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးနှင့် ဘော်လီဘောနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက်

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC )မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးနှင့် ဘော်လီဘောနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက် ရန်ကုန်၊ စက်တင်ဘာလ ၂၅ ရက် အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၊ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်း က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလ […]