အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၆)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အသင်းကို (၁)ဂိုး (ဂိုး)မရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ […]

အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြားပစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

Loading

အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြားပစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ နေပြည်တော်၊ မတ်(၂၅)။ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ နေပြည်တော် ဇမ္မူသီရိမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်သင်တန်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်နည်းပြဆရာများဖြစ်ကြသည့် ဦးအောင်သူရ၊ ဦးနေမျိုးအောင်နှင့် ဦးအောင်မျိုးသူတို့က သင်ကြားပြသပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီခွဲတွင် ပဏာမ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများဖြစ်ကြသည့် မပြည့်စုံနှင်းနှင့် မောင်အောင်ကိုဦးတို့၏ မြားပစ် သရုပ်ပြသနေမှုများကို အာကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၅)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃၊၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ခရစ်ကက်(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကိုရလဒ်(၆၅)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ် (၃)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ် (၆၇)မှတ်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဦးအသာဖြင့်လည်းကောင်း၊(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၉၅)မှတ်အသာဖြင့်လည်း ကောင်း၊ ရခိုင်ပြည်နယ်အသင်းက […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ မတ် (၂၅)။ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင်းရေးကွင်း(၁)၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ခရစ်ကက်အားကစားနည်းကို လူငယ်လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ခရစ်ကက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကက်အားကစားအဆင့်အတန်း […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ မတ်(၂၄)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမာများစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၄)တွင် ကျင်းပခဲ့သည်။ ယနေ့ ခရစ်ကက်(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်(၂၅)ရက်နေ့ နံနက်(၈)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃နှင့်၄)တို့တွင် ခရစ်ကက်(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၄)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၁)ဂိုး (ဂိုး)မရှိ ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (ဂိုး)မရှိ ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ မတ်(၂၄)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပသည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရစ်ကက်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးအတွက် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်အနေဖြင့် နည်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးကူညီလျက်ရှိသည့်အတွက် ဝန်ကြီးဌာနကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ခရစ်ကက် အားကစားနည်း အား အထောက်အကူပြုနိုင်မည့် ထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၃)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JENG PHANG နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိ […]

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား(အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား(အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊မတ် (၂၃)။ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ရှိ ရွှေကြာပင် မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။ ယမန့်နေ့ပြိုင်ပွဲ ပွဲစဥ်များအဖြစ် အမျိုးသမီး(သုံးယောက်တွဲ)အသင်းလိုက် ပြိုင်ပွဲနှင့် အမျိုးသား (လေးယောက်တွဲ)အသင်းလိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဥ်များကို ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အသက်အငယ်ဆုံးနှင့်အတိုးတက်ဆုံးဆုရရှိသည့်အားကစားသမားနှင့် ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရရှိခဲ့သည့်အသင်းမှ အားကစားသမားများ၊ အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုဖလားများရရှိသည့်အသင်းမှ […]

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

Loading

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက် မုံရွာ၊ မတ်လ(၂၂)ရက်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြ/အုပ်ချုပ်သူများနှင့် ဆုရပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားရေးအတွက် ဘက်ပေါင်းစုံကနေ မြှင့်တင်ပေးလျှက်ရှိပြီး အဆင့်မြင့်အားကစားကွင်း/အားကစားရုံများအနေဖြင့် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် Synthetic ပြေးလမ်း(၁)ခု၊ တောင်ဘက်ပွဲကြည့်စင် ၁ ခုနှင့် […]