၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)နှင့် လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များ၊ ဘောလုံး တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ရွှေကြာပင်အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တို့၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)အကြို ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကိုရမှတ် (၂၄)မှတ် (၁၇)မှတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၂၅)မှတ် (၁၁)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသမီး) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၂)ပွဲ ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများ၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက အကောင်းဆုံးဆုဖလားများနှင့် ငွေသားဆုများကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ရဲထွဋ်ကလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့်ငွေသားဆုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲ တွင် ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့်တံခွန်စိုက်ဆုဖလားများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၅:၀၀ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၃)ဂိုး (၁)ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဝန်ကြီးဌာန ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများနှင့် စတုတ္ထဆုရရှိသည့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လည်းကောင်း၊ ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲစဉ်များအဖြစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၂)နှင့် (၃)တို့၌ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်များအားလည်းကောင်း၊ နံနက် ၈ နာရီမှ စတင်၍ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။