အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန်(၂၇)။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းများအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ရာ အလေးမအားကစားသမား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်းအားကစားသမား(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သည်။ အမျိုးသား(+၈၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းနိုင်ထွန်းက နှစ်ဆင့်မစံချိန်(၁၇၆)ကီလိုဖြင့် မြန်မာပြည် စံချိန်(၁၇၅)အား ကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲကျင်းပ

Loading

တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြင်းစီးအားကစားနည်းမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ တတိယအဆင့် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့ကို ယနေ့ နံနက်(၅)နာရီမှစတင်၍ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား စတင် တာလွှတ်ပေးခဲ့သည်။ ယနေ့ တတိယအကြိမ် (၈၅)ကီလိုမီတာ […]

နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်းပထမ(ရွှေတံဆိပ်)ဆု (၂)ခုဖြင့် နိုင်ငံအလိုက် အဆင့် ပထမရရှိ

Loading

နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်းပထမ(ရွှေတံဆိပ်)ဆု (၂)ခုဖြင့် နိုင်ငံအလိုက် အဆင့် ပထမရရှိ ရန်ကုန် ၊ဇွန် (၃၀)။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ စတင် ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေ‌လှော်ပြိုင်ပွဲ) ( International Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားသမားများ‌သည် မီတာ(၅၀၀) အမျိုးသား(၁၀)တက်‌‌လှော်ပြိုင်ပွဲတွင်ပထမ(ရွှေတံဆိပ်)ဆု ထပ်မံဆွတ်ခူးရရှိပြီး နိုင်ငံအလိုက်အဆင့် ပထမ ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ မီတာ(၅၀၀)အမျိုးသား(၁၀) တက်‌‌လှော်ပြိုင်ပွဲတွင် ရေလမ်းကြောင်း နံပါတ် (၂)မှ ယှဉ်ပြိုင်သည့် မြန်မာအသင်းက စံချိန် ၀၂:၀၁.၅၅၁ ဖြင့် ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း […]

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂၉)။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI (1 star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ထူထောင်ဖွဲ့စည်းခဲ့ပြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန်လ(၂၈)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားဆိုသည့်ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကိုအားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ […]

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား၊ အ.ထ.က-၃ မင်္ဂလာဒုံကျောင်း၌ (၂၆-၆-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦး‌ထူးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် အားကစားမှူးဒေါ်ခိုင်ဇာဝေမှ လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများဟောပြောခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာ့သိုင်းအဖွဲ့၊ Fitness Danceအဖွဲ့ တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အင်းစိန်ခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်တို့မှ ဂုဏ်ပြုဆု‌ငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးမြို့နယ်အားကစားမှူးမှအ.ထ.က-(၃) ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)၊ အင်းစိန်ခရိုင်အား/ကာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်၊ မင်္ဂလာဒုံမြို့နယ် ပညာ‌ရေးမှူး ဒေါ်သန္တာဝင်း ၊ ဌာနဆိုင်ရာအကြီးအကဲများ၊အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း‌မှ […]

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ ပဲခူး၊ ဇွန်လ(၂၅)ရက်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ညောင်လေးပင်အသင်းနှင့် ပဲခူးတက္ကသိုလ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုတ်တွင်းမြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားနေမှု့အားကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်အဖွဲ့အားဂုဏ်ပြုလက်ဆောင်နှင့်ဂုဏ်ပြုငွေတို့ကို မြန်မာ့ဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌဦးရဲနိုင်မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူအား အတွင်းရေးမှူးဦးဇော်လွင်ဦးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယဆုရရှိသော တောင်ငူတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုများကို မြန်မာဘော်လီဘောလူမှုရေးအသင်းဒုတိယဥက္ကဋ္ဌများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌတို့မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမရရှိသော ပဲခူးတက္ကသိုလ်‌ဘော်လီဘောအသင်းအား စီးပွားရေးရာဝန်ကြီး၏ဇနီးမှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်းအသီးသီးပေးအပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ […]

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

Loading

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ (၃၃)ကြိမ်မြောက်အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ စတင်တာလွတ်ပေးခဲ့ပြီးနောက် စုပေါင်းလမ်းလျှောက်ခဲ့သည်။ ဆက်လက်ပြီး ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ နှင့် ၁၀၀ x ၄ လက်ဆင့်ကမ်း)အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ရာ Gold Camp နှင့် Youth Camp မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများက အမှတ်တရဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ဉာဏ်စမ်းမေးခွန်း မေးမြန်းဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ […]

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ၂၆ ရက်။ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့်လည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် […]

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်( ၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်( ၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ အောင်ပန်းမြို့၊ ဇွန်လ(၂၄)ရက်။ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာလေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ ဧည့်ကြိုသင်တန်း ၊ အိပ်ခန်းဆောင်သင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းအမှတ်စဥ်( ၃ )” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် အောင်ပန်းမြို့ ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် သင်တန်းသား/သူများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် […]