အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်-အာဆီယံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်ပွဲရ မြန်မာပိုက်ကျော်ခြင်းအဖွဲ့ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ ဇွန်လ ၅ရက်။

တရုတ်နိုင်ငံတွင် ဇွန်လ ၁ရက်မှ ၄ရက်‌နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုဆွတ်ခူးရရှိပြီးယ‌နေ့မွန်းလွဲ ၁နာရီခွဲက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ခေါင်းဆောင် ဦးစိုင်းဇော်ထွန်းလင်း ၊ အုပ်ချုပ်သူဦးသန်းထွန်း ၊ နည်းပြနှစ်ဦး ၊အမျိုးသား‌ ခြောက်ဦး ၊ အမျိုးသမီး‌ခြောက်ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်‌ရောက်ရှိလာကြသည်။

အဆိုပါ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း‌ဒေသကြီး၀န်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦးနှင့်ညွှန်ကြား‌ရေးမှူးများ ၊ မြန်မာနိုင်ငံပိုက်‌ကျော်ခြင်းအဖွဲ့ချုပ် မှ အလုပ်အမှု‌ဆောင်များ ၊ အားကစားနှင့်လူငယ်‌ရေးရာအထောက်အကူပြုကော်မတီအဖွဲ့၀င်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အားကစားနှင့်လူငယ်‌ ရေးရာအထောက်အကူပြု ကော်မတီအဖွဲ့၀င်များကအောင်ပွဲရမြန်မာပိုက်ကျော်ခြင်းအသင်းများအားဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြသည်။

တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းက သုံးယောက် တွဲနှင့်လေးယောက်တွဲ ပြိုင်ပွဲနှစ်ရပ်လုံးတွင်ရွှေတံဆိပ်တစ်ခုစီနှင့် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် သုံးယောက်တွဲ၊လေးယောက်တွဲ ပြိုင်ပွဲ၌ ကြေးတံဆိပ်တစ်ခုစီဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။