အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးတိုင်းဒေသကြီး၊ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး

မန္တလေး၊ ဇွန် ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အားကစားကွင်း/ အားကစားရုံများ၊ စာသင်ဆောင်များ၊ သင်တန်းသား/ သင်တန်းသူများ၏ အိပ်ဆောင်များ၊ စားရိပ်သာနှင့် GYM လေ့ကျင့်ရေးခန်းများသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပမည့် အားကစားရုံသို့ရောက်ရှိပြီး ဖွင့်ပွဲအခမ်းအနားကျင်းပမည့် အစီအစဉ်များ အားကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ မန္တလာသီရိအားကစားကွင်းသို့ရောက်ရှိပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စီမံထားရှိနေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ရွှေမန်းတောင် အားကစားကွင်းရှိ (၄)ထပ်ဆောင် ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။