အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအလိုက် ဝန်ထမ်းများ တန်းစီခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် ရွတ်ဆို

နေပြည်တော်၊ ဇွန် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရှိ ဌာနခွဲများအလိုက် ဝန်ထမ်းများ တန်းစီခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် ရွတ်ဆိုခြင်းကို ယနေ့ညနေ(၄)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနရုံး၌လည်းကောင်း၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ၊ Cluster(9) ရှိ တန်းစီကွင်း နှင့် Cluster(4) ရှိ စားရိပ်သာခန်းမ၌လည်းကောင်း ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၁)၌ ပြည်ထောင်စု ဝန်ကြီးရုံးမှ ဌာနခွဲများအလိုက် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူကလည်းကောင်း၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp၊ Cluster(4) ရှိ စားရိပ်သာ ခန်းမ၌ လူငယ်ရေးရာဦးစီးမှ ဌာနခွဲများအလိုက် ဝန်ထမ်းများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကလည်းကောင်း၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ၊ Cluster(9) ရှိ တန်းစီကွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲများအလိုက် ဝန်ထမ်းများကို ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးကလည်းကောင်း သက်ဆိုင်ရာနေရာများ အသီသီးတွင် ဦးဆောင်တန်းစီ၍ နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်အား ရွတ်ဆိုခဲ့ကြပြီးနောက် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရန် တာဝန်ရှိသူများက အသီးသီး မှာကြားခဲ့ကြောင်း သိရသည်။